ချောက်မြို့နယ်က အုပ်ချုပ်ရေးမှူး လင်မယား ၂ ဦး နေအိမ်မှာ ပစ်သတ်ခံရ

ချောက်မြို့နယ်က အုပ်ချုပ်ရေးမှူး လင်မယား ၂ ဦး နေအိမ်မှာ ပစ်သတ်ခံရ

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ကိုးဆူကျေးရွာနေ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး လင်မယား ၂ ဦး နေအိမ်မှာ ပစ်သတ်ခတ်ရှင်းလင်းခဲ့တယ်လို့ အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။

ဇူလိုင် ၂၆ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ခန့်မှာ ကိုးဆူကျေးရွာနေ အသက် ၄၅ နှစ်အရွယ်ခန့်ရှိ အုပ်ချုပ်ရေးမှူး  ဦးရဲရွှေ၊ ဇနီးဖြစ်သူ ဒေါ်ခင်ရွှေတို့  ၂ ဦးကို သေနတ်နဲ့ ၇ ချက် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

"သူတို့နေအိမ်မှာက လင်မယားနှစ်ယောက်တည်းနေတာ။ သူတို့ဘက်က ခုခံတာမျိုးတွေတော့ မရှိဘူး။ သူတို့ကို ပစ်ခတ်ပြီးချိန်မှာ သက်သေခံပစ္စည်းတွေရှာဖို့လုပ်ချိန် ဘေးအိမ်က စကစဘက်ကို ဖုန်းဆက်တိုင်နေတာမျိုးရှိနေတော့ ပြန်ဆုတ်လာရတယ်" လို့ အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ဗိုလ်ပေတက ပြောပါတယ်။

သေနတ်နဲ့ အနီးကပ်ပစ်ခတ်ခံရလို့ အုပ်ချုပ်ရေးမှူးလင်မယားမှာ ဦးခေါင်းနဲ့ ရင်ဘတ်တွေမှာ ကျည်ထိဒဏ်ရာ တွေနဲ့ နေရာမှာပဲ သေဆုံးသွားပါတယ်။

အုပ်ချုပ်ရေးမှူး ဦးရဲရွှေတို့လင်မယားဟာ စစ်ကောင်စီကို သတင်းပေးတာ၊ ရိက္ခာထောက်ပံတာ၊ ကျေးရွာနေ ပြည်သူတွေအပေါ် ဖိနှိပ်တာတွေရှိနေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ ပစ်ခတ်မှုကို အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့၊ OakAwe UG မြို့ပြပြောက်ကျားတပ်ဖွဲ့၊ Bagan Bo Cho အဖွဲ့တို့ကလုပ်ဆောင်ခဲ့တာပါ။

ဖေဖော်ဝါရီ ၂၆ ရက်လည်းက ချောက်မြို့၊ အမှတ် ၁၂ ရွှေတွင်းကုန်းရပ်ကွက်ထိပ်၊ အောင်ရတာနာ ၂ ဘီယာဆိုင်ထိုင်နေတဲ့ အုပ်ချုပ်ရေးမှူးပစ်သတ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။ 

ပုံစာ - သေဆုံးသွားသူ အုပ်ချုပ်ရေးမှူး ရဲရွှေ။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ချောက်မြို့ #ကိုးဆူကျေးရွာ #စစ်ကောင်စီ #အုပ်ချုပ်ရေးမှူး #ပစ်ခတ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10