ချောက်မြို့နယ်မှာ စစ်ကား ၃ စီး မိုင်းဆွဲပစ်ခတ်ခံရပြီး အသေအဆုံးများ

ချောက်မြို့နယ်မှာ စစ်ကား ၃ စီး မိုင်းဆွဲပစ်ခတ်ခံရပြီး အသေအဆုံးများ

မကွေးတိုင်း၊ ချောက်မြို့နယ်၊ ကတိုင်ကျေးရွာကနေ စစ်ကား ၃ စီးနဲ့လာတဲ့ ခလရ ၁၃ နဲ့ ဝါဇီတပ်မှ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ကတိုင်ကျေးရွာနဲ့ ကံသစ်ကျေးရွာအကြားမှာ စောင့်ဆိုင်းပြီး မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ  စစ်ကောင်စီတပ်ဖွဲ့ဝင် အသေအဆုံးများခဲ့တယ်လို့ Chauk Guerrilla Force(C.G.F) အဖွဲ့ဆီက သိရပါတယ်။ 

ခလရ ၁၃ နဲ့ ဝါဇီတပ်က အင်အား ၇၀ ကျော်ပါတဲ့ စစ်သားတွေဟာ ကတိုင်ကျေးရွာကနေ ကား ၃ စီးနဲ့ ဒီဇင်ဘာ ၂၆ ရက်မှာ ထွက်လာတာဖြစ်ပြီး ညနေ ၅ နာရီ ၁၅ မိနစ်လောက်မှာ ကတိုင်ကျေးရွာနဲ့ ကံသစ်ကျေးရွာကြားအရောက် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“သူတို့သွားမယ့်လမ်းကို ကြိုပြီးစောင့်တယ်။ စစ်ကား ၃ စီးကို စောင့်ပြီးတော့ ပစ်ခတ်တာတွေ မိုင်းဆွဲတာတွေ လုပ်ခဲ့တယ်။ ပဒေသာမိုင်း ၂ လုံးဆွဲခဲ့တယ်။ “ လို့ Chauk Guerrilla Force(C.G.F)  ဒုခေါင်းဆောင် ဗိုလ်ပေတက ပြောပါတယ်။ 

စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ပြီးနောက် ယာဉ်တန်းရပ်တန့်သွားတဲ့အချိန် အနီးကပ်ပစ်ခတ် တိုက်ခိုက်ခဲ့တာမှာ ၁၅ ဦးထက်မနည်းသေဆုံးတယ်လို့ သူက ဆက်ပြောပါတယ်။ 

တိုက်ခိုက်ခဲ့ပြီးနောက် ရဲဘော်တွေအားလုံးအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး ချောက်မြို့နယ်အတွင်းက ကံမရွာ၊ ကံသစ်ကုန်းရွာ၊ ကတိုင်ရွာတို့ကို  စစ်ကောင်စီတပ်သားတွေက ကင်းလှည့်တာတွေ၊ စစ်ဆေးတာတွေလုပ်နေပြီး လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်နေတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ Chauk Guerrilla Force(C.G.F) ၊ Aung San’s Land Natmauk တပ်ဖွဲ့၊ ငါးပြေမပြောက်ကျားတပ်ဖွဲ့၊ Chauk Revolution Army(ရေနံမြေ) နှင့် မကွေးခရိုင်တပ်ရင်း ၂ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါ တယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ချောက်မြို့နယ် #ကတိုင်ကျေးရွာ #စစ်ကား #ဝါဇီတပ် #စစ်ကောင်စီ# ကတိုင်ကျေးရွာ #ကံသစ်ကျေးရွာ #မိုင်းဆွဲ #ChaukGuerrillaForce #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10