ချောက်မြို့ သင်္ကြန်မဏ္ဍပ်မှာ ဗုံးတွေ့လို့ ရဲတွေက ဖောက်ခွဲပစ်

ချောက်မြို့ သင်္ကြန်မဏ္ဍပ်မှာ ဗုံးတွေ့လို့ ရဲတွေက ဖောက်ခွဲပစ်

မကွေးတိုင်း၊ ချောက်မြို့နယ်၊ အမှတ် ၇ အုတ်ဖိုရပ်ကွက် သင်္ကြန်မဏ္ဍပ်မှာ ဧပြီလ ၁၄ ရက် ဒီနေ့မနက်ပိုင်းမှာ ဗုံးတလုံးတွေ့ပြီး ရဲတွေက ဝါးလုံးနဲ့ထိုးဆွလို့ ကွဲသွားတယ်လို့ ချောက်မြို့ခံတွေဆီက သိရပါတယ်။

"မနက်က ဗုံးတွေ့တာလည်း ဟုတ်တယ်။ ဗုံးကွဲတာလည်း ဟုတ်တယ်။ အထုပ်တွေ့လို့ဆိုပြီးတော့ ရဲတွေကို လှမ်းခေါ်တာ။ အထုပ်တွေ့တော့ လမ်းကိုရှင်းထားပြီး စခန်းလှမ်းခေါ်တာ။ ရဲ ၅ ယောက် ၆ ယောက်လောက် လာတယ်။ ပထမ ရဲတွေက သေနက်နဲ့ဖောက်မယ်ဆိုပြီး လုပ်တာ။ ရဲတွေက ဗုံးကိုဝါးလုံးနဲ့ဆွတာမှာ ဗုံးကထကွဲတာ။ ဘယ်သူ့မှမရှိတဲ့အချိန်ကွဲတာ၊ထိခိုက်ဒဏ်ရာရရှိသူတော့မရှိဘူး။ အဲဒီပတ်ဝန်းကျင်က ဆိုင်ခန်းတံခါးတွေ မှန်တာတော့ရှိတယ်" လို့ ချောက်မြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။


ဗုံးတွေ့ခဲ့တဲ့ မဏ္ဍပ်မှာ မဏ္ဍပ်ကြီးတခုဖြစ်ပြီး ယခင်နှစ်တွေက ယိမ်းတွေပါ ထည့်သွင်းခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ချောက်မြို့မှာ ရေကစားသူတွေမရှိသလောက် ဖြစ်နေပြီး ဗိုလ်အိမ်နံပါတ် ၆၀ မှာ မဏ္ဍပ်တခု အမှတ် ၈ ထဲမှာ ဗဟိုမဏ္ဍပ်တို့ရှိပြီး ဗဟိုမဏ္ဍပ်ထိပ်မှာ ဟိုဘက်ဒီဘက်ပိတ်ထားသလို ဆိုင်ကယ် အမျိုးသား ၂ ယောက်စီးတာတွေကို လိုက်ဖမ်းနေတယ်လို့ သိရပါတယ်။

စာတည်း - 007
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10