ချောက်ရေပေးဝေရေးဌာန အကြီးတန်းအရာရှိနေအိမ် လက်ပစ်ဗုံးနဲ့ဖောက်ခွဲခံရ

ချောက်ရေပေးဝေရေးဌာန အကြီးတန်းအရာရှိနေအိမ် လက်ပစ်ဗုံးနဲ့ဖောက်ခွဲခံရ

မကွေးတိုင်း၊ ချောက်မြို့ စည်ပင်သာယာ ရေပေးဝေရေးဌာနက အကြီးတန်းအရာရှိ ဒေါ်နိုင်နိုင်မော်ဟာ စစ်ကောင်စီအလိုကြဆက်လုပ်နေတာကြောင့် သတိပေးတဲ့အနေနဲ့ နေအိမ်ကို  လက်ပစ်ဗုံးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ Chauk Guerrilla Force(C.G.F) အဖွဲ့ဆီက သိရပါတယ်။

 

ယနေ့ ဒီဇင်ဘာ ၁ ရက် နေ့လယ် ၁၂ နာရီကျော်မှာ ချောက်မြို့၊ အမှတ် ၁၅ တိုးချဲ့ရပ်ကွက်မှာနေထိုင်တဲ့ အကြီးတန်းအရာရှိ ဒေါ်နိုင်နိုင်မော်အိမ်ကို လက်ပစ်ဗုံး ၁ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ Chauk Guerrilla Force(C.G.F) ဒုခေါင်းဆောင် ဗိုလ်ပေတ ကပြောပါတယ်။

 

"အခုအချိန်မှာ ပြည်သူနဲ့လည်း မပူးပေါင်းပဲနဲ့ စစ်ကောင်စီရဲ့အလိုကြဆက်လက်လုပ်ဆောင်နေတဲ့အတွက် နောက်ဆုံးအကြိမ်နဲ့ သတိပေးတဲ့အနေနဲ့ သူအိမ်ကိုလက်ပစ်ဗုံးနဲ့ ပစ်ခတ်ဖောက်ခွဲခဲ့တာ၊အိမ်ကတော့ ထိခိုက်ပျက်ဆီးမှုတွေရှိတယ်" လို့ ဗိုလ်ပေတ ကပြောပါတယ်။

 

ပစ်ခတ်မှုအပြီး ကာကွယ်ရေးအဖွဲ့တွေက ဆုတ်ခွာပြန်လာတာကြောင့် နောက်ဆက်တွဲအခြေအနေကို စုံစမ်းနေဆဲလို့ သိရပါတယ်။

 

"ကျနော်တို့ အခုလိုပစ်ခတ်ရတဲ့အကြောင်းအရင်းကတော့ ဒေါ်နိုင်မော်မော်ဟာ ပြည်သူတွေကို ခြိမ်းခြောက်ခြင်း ယုတ်ရင်းကြမ်းတမ်းစွာဆက်ဆံခြင်း ပြည်သူတွေကိုအခွန်အခတွေ မတရားတိုးမြှင့်ကောက်ခံခြင်း အဲဒီအချက်အလက်တွေကို ပြည်သူတွေကတိုင်ကြားထား‌တာကြောင့် သူကိုအကြိမ်ကြိမ်သတိပေးထားပြီးပါပြီ" လို့ ဗိုလ်ပေတကပြောပါတယ်။

 

ဒီတိုက်ခိုက်မှုကို Chauk Guerrilla Force(C.G.F) ၊ ချောက် ပကဖ ၊ မကွေးခရိုင် အမှတ် ၂ တပ်ရင်း ၊ Burmar Revolution Ranger တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်ကလည်း ချောက်မြို့ အမှတ် ၁၂ ရွှေတွင်းကုန်းရပ်ကွက်မှာနေထိုင်တဲ့ ချောက် မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဌကို Chauk Guerrilla Force(C.G.F) အဖွဲ့က ကင်မွန်းခြုံရပ်ကွက်ထိပ် သန့်သန့်နဲ့ ရွှေမြို့သူအကြားမှာ ပစ်ခတ်ရှင်းလင်းခဲ့သေးတယ်လို့ သိရပါတယ်။

 

 စာတည်း-နွေဦးငြိမ်းချမ်း

 

ပုံစာ-ချောက်မြို့စည်ပင်သာယာရေပေးဝေရေးဌာန အကြီးတန်းအရာရှိ ဒေါ်နိုင်နိုင်မော်

 

#မြေလတ်အသံ

#မြေလတ်သတင်း #မကွေးတိုင်း #ချောက်မြို့နယ် #စည်ပင်သာယာရေး #ရေပေးဝေရေး #အကြီးတန်းအရာရှိ #စစ်ကောင်စီ #ပစ်ခတ်တိုက်ခိုက်ခံရ #CGF

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10