သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်က စစ်ကောင်စီတပ်ဂိတ်စခန်းကို နိုဝင်ဘာ ၄ ရက် ဒီနေ့ မနက် ၉ နာရီကျော်မှာ သိမ်းပိုက်ရရှိပြီး မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ ချောင်းဦးတော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
ချောင်းဦးမြို့နဲ့ ၂ မိုင်ခန့်ဝေးပြီး မုံရွာ-မန္တလေးကားလမ်းမဘေးရှိ မြပုလဲစက်သုံးဆီဆိုင်အနီးက စစ်ကောင်စီ တပ်ဂိတ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
"အဲ့စခန်းမှာ စကစအင်အားက ၄၀ ကျော်လောက်ရှိတယ်။ ၄ နာရီက စတိုက်တာ ၉ နာရီမှာ သိမ်းပိုက်မီးရှို့ခဲ့တာ။ စကစတွေကတော့ မြို့ထဲဝင်ပြေးသွားကြတယ်" လို့ ချောင်းဦးမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်မှ ရဲဘော် ၅ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီတပ်ဘက်မှ သေဆုံး၊ ဒဏ်ရာရရှိမှုကို စုံစမ်းနေဆဲဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
နောက်ဆက်တွဲဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေအသေးစိတ်ကိုတော့ ထုတ်ပြန်လို့မရသေးဘူးလို့ ဆိုပါတယ်။
လက်ရှိမှာ ဂိတ်စခန်းမီးရှို့ခံရပြီးနောက် နမခမှ စစ်ကောင်စီတပ်သား ၁,၅၀၀ ခန့်က အဲဒီဂိတ်စခန်းနဲ့ ၂ မိုင်ကျော်ဝေးတဲ့ ခင်မွန်ကျေးရွာအနီးက ဘက်စုံခြံရှိတပ်စခန်းကို စစ်ကူရောက်ရှိနေတယ်လို့သိရပါတယ်။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#စစ်ကိုင်းတိုင်း #ချောင်းဦးမြို့ #စစ်ကောင်စီဂိတ် #မီးရှို့ဖျက်ဆီး #ချောင်းဦးတော်လှန်ရေးတပ်ဖွဲ့ #မြေလတ်သတင်း #သတင်း
Share Share Share