ချောင်းဦးက စစ်ကောင်စီ တပ်စွဲနေရာ ၂ခု ဗုံးသီးချခံရပြီး စစ်သား ၁ဦးသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ချောင်းဦး-မြင်းမူ ကားလမ်းဘေးမှာရှိတဲ့ ခရေဖြူဂိတ်နဲ့ မြို့နယ်စိုက်ကွင်းရုံးတို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ‌‌ဗုံးသီးချခဲ့ပြီး ဂိတ်တခု မီးလောင်ကာ စစ်သား ၁ဦးသေဆုံးခဲ့တယ်လို့ ရဲဘော်တွေဆီက သိရပါတယ်။

မတ် ၉ရက် မနေ့က မနက် ၁၁ နာရီကျော်မှာ တပ်မ ၃၃ လက်အောက်ခံ စစ်ကောင်စီတပ်သား ၃၀ ဝန်းကျင်ရှိတဲ့ အဆိုပါ ဂိတ်နေရာ ၂ ခုကို ဒရုန်း ၅ စီး၊ ဗုံး ၂၅ လုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ခရေဖြူဂိတ်နဲ့ စိုက်ကွင်းရုံးဟာ မီတာ ၁၅၀ ခန့်သာကွာဝေးပြီး ခရေဖြူဂိတ်ကို ဗုံး ၁၀ လုံး၊ စိုက်ကွင်းရုံးကို ဗုံး ၁၅ လုံးချခဲ့ကာ ဂိတ်ကတော့ မီးလောင်ပြာကျခဲ့တယ်လို့ သိရပါတယ်။

“ခရေဖြူဂိတ်ကတော့ လုံးလုံးမရှိတော့ဘူး၊ အကုန်လုံး ပြာကျသွားတာ၊ သူတို့ မီးသတ်ကားတွေနဲ့ ငြှိမ်းတော့ လာငြှိမ်းတယ်၊ ဒါပေမယ့် ငြှိမ်းလို့ မနိုင်လိုက်ဘူး၊ **ကတော့ ၁ ကောင်ကျတယ်၊ ၃ ကောင်က ပြင်းထန်ဒဏ်ရာရတယ်၊ ထပ်ကျ မကျတော့ မသိရသေးဘူး။”လို့ မုံရွာခရိုင် တပ်ရင်း ၁၂၊ တပ်ခွဲ ၃၊ လျှပ်စီးတပ်ခွဲရဲ့ တပ်ခွဲမှူး ကိုမိုးကြိုးက ပြောပါတယ်။

တိုက်ခိုက်မှုဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်က တပ်သား ၁ ဦးသေဆုံးကာ၊ ၃ ဦး ဒဏ်ရာရပြီး ဒဏ်ရာရတပ်သားတွေကို ချောင်းဦးမြို့ပေါ်က ဆေးရုံကို ခေါ်သွားတယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း ၁၂၊ တပ်ခွဲ ၃၊ လျှပ်စီးတပ်ခွဲ၊  Myaung Special People Defense Force၊ ရန်ရှင်းဒေသကာကွယ်ရေးအဖွဲ့၊ မုံရွာခရိုင် တပ်ရင်း ၁၂၊ တပ်ခွဲ ၂၊ ၄၊ မုံရွာခရိုင် တပ်ရင်း ၈ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဒီကနေ့ မနက် ၆ နာရီဝန်းကျင်မှာ အင်အား ၃၀ နဲ့ ချောင်းဦးတောင်ဘက်ကို  စစ်ကြောင်းထွက်လာခဲ့ပြီး ပြည်သူပိုင် ကြက်ခြံတခြံကို မီးရှို့ဖျက်ဆီးခဲ့ကာ ၁၀နာရီဝန်းကျင်မှာ မြို့ထဲကို ပြန်ဝင်သွားတယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ချောင်းဦး #ခရေဖြူဂိတ်  #မြို့နယ်စိုက်ကွင်းရုံး  #ဒရုန်းဗုံးကြဲ #တိုက်ခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10