ချောင်းဦးကစစ်တပ်ဂိတ် ဗုံးချတိုက်ခိုက်ခံရပြီး စစ်သား၂ ဦးသေဆုံး

ချောင်းဦးကစစ်တပ်ဂိတ် ဗုံးချတိုက်ခိုက်ခံရပြီး စစ်သား၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်က စစ်ကောင်စီရဲ့ ဂိတ်စခန်းတခုကို ဇူလိုင်လ ၁၉ ရက်နေ့လယ် ၁၂ နာ ရီကျော်မှာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

ချောင်းဦး-မုံရွာကားလမ်းဘေးရှိ နတ်ရေကန်ဂိတ်မှာ အင်အား ၅၀ ကျော်နဲ့အထိုင်ချတပ်စွဲနေတဲ့ စစ်ကောင်စီအဖွဲ့ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ကျော်ဇင်မင်း နဲ့ နောက်ထပ်တပ်သားတဦး သေ ဆုံးခဲ့ပြီး ၃ ဦးဒဏ်ရာရရှိခဲ့တာလို့ ဆိုပါတယ်။ 

"ကျော်ဇင်မင်းနဲ့တခြားတယောက်က ဗုံးစတွေမှန်ပြီး နေရာမှာတင် ပွဲချင်းပြီးသေတာဗျ " လို့ ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှတာဝန်ရှိသူတဦးက မြေလတ်အသံကိုပြောပါတယ်။

လက်ရှိမှာ ဒဏ်ရာရသူ ၃ ဦးကိုတော့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အမှတ် ၄  စစ်ဆေးရုံ (ကုတင် ၃၀၀ )မှာ ဆေးကုသနေရတယ်လို့ ဆိုပါတယ်။

အဲဒီစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့တွေက မောင်းသူမဲ့လေယာဥ် ၂ စီးနဲ့ မိနစ် ၃၀ ခန့်ကြာ 1 Kg ဗုံးသီး ၈ လုံးချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း သေဆုံး၊ဒဏ်ရာရရှိသွားတဲ့ စစ်ကောင်စီတပ်သားတွေ ရဲ့အခြေအနေကို အတွင်းသတင်းပေးရဲ့ပြောဆိုချက်အရ အတည်ပြုနိုင်ခဲ့တာလို့လည်း အထက်ပါပကဖ တာဝန်ရှိသူက ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ် (၄) တပ်ရင်း-MSPDF၊ စစ်ကိုင်းခရိုင်ဒရုန်းတပ်ရင်း - SDDF၊ မြင်းခြံခရိုင်အမှတ် (၈) တပ်ရင်း၊ မတ္ထီလာ Special Defence Force၊ ချောင်းဦးမြို့နယ်ပကဖ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ချောင်းဦး #စစ်ကောင်စီ #တိုက်ခိုက်ခံရ #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10