ချောင်းဦးက Non-CDM ဆရာမ ၁ ဦးကို လက်နက်ကိုင်အဖွဲ့က ဖမ်းသွား

ချောင်းဦးက Non-CDM ဆရာမ ၁ ဦးကို လက်နက်ကိုင်အဖွဲ့က ဖမ်းသွား

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့၊ တမာမြိုင်ရပ်ကွက်နေ Non-CDM ဆရာမ ၁ ဦးကို လက်နက်ကိုင်အဖွဲ့က ဖမ်းသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒီဇင်ဘာ ၂၉ ရက် ညနေ ၅ နာရီခန့်မှာ ချောင်းဦးမြို့ အထက်တန်းကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်ချမ်းမြအေး အသက် ၄၀ နှစ်ကျော်ဟာ နေအိမ်မှာရှိနေချိန် သေနတ်သမားတွေက ဝင်ဖမ်းသွားတာလို့ ဆိုပါတယ်။

"ညနေ ကျောင်းလွှတ်ချိန် ကျောင်းကပြန်လာပြီး မကြာဘူး နေအိမ်ကနေ လာခေါ်သွားကြတာလို့ သိရတယ်။ သူက CDM မလုပ်ထားတဲ့ ဆရာမပါ"လို့ ဒေသခံတဦးကပြောပါတယ်။ 

အဆိုပါ ဆရာမဟာ CDM မလုပ်ဘဲ ကျောင်းဆက်သွားနေတယ်လို့သာသိရပြီး စစ်ကောင်စီအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ကိုင်နေတာရှိ မရှိတော့ မသိရဘူးလို့ဆိုပါတယ်။

"ဆရာမဖမ်းခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ဘက်က အခြေနေကို မသိရသေးဘူး။ စုံစမ်းပြီး ပြန်ပြောပေးပါ့မယ်"လို့ ချောင်းဦးမြို့နယ် ပကဖတာဝန်ခံ ကိုဖီးနစ်ကပြောပါတယ်။

အဆိုပါ ဆရာမကိုတော့ ဘယ်အဖွဲ့က ဘာကြောင့်ဖမ်းသွားတယ်ဆိုတာ ဖမ်းဆီးသွားတဲ့အဖွဲ့တွေဘက်က အကြောင်းတစုံတရာ ထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။

စစ်ကောင်စီထောက်ခံ တယ်လီဂရမ်တွေဘက်မှာတော့ ဆရာမကို PDF တွေဘက်က ဖမ်းဆီးသွာတာဖြစ်ပြီး PDF တွေအနေနဲ့ ချောင်းဦးမြို့ပေါ်က ဝန်ထမ်းတွေကို ယခုလိုမကြာခဏ ဖမ်းဆီးလေ့ရှိတယ်လို့ ရေးသားဖော်ပြထားကြပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ချောင်းဦးမြို့ #တမာမြိုင်ရပ်ကွက် #NonCDM #ဆရာမ #PDF #ဖမ်းဆီး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10