ချောင်းဦးဒေသခံ ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးသတ်ခဲ့

ချောင်းဦးဒေသခံ ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးသတ်ခဲ့

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်က ဒေသခံအမျိုးသား ၂ ဦးကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးပြီး သတ်ဖြတ်ကာ အလောင်းတွေကို လမ်းဘေးမှာစွန့်ပစ်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင်လ ၁၄ ရက်မှာ မသဲကြိုးကျေးရွာက ဦးသက်ဇော် ၄၀ နှစ်နဲ့ ၁၅ ရက်မှာ ကျားပိုင်ကျေးရွာက ကိုသွယ်မင်း ၃၈ နှစ်တို့ကို ချောင်းဦး-ပခုက္ကူလမ်းကွေ့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးပြီး သတ်ခဲ့တာလို့ ဆိုပါတယ်။

"သက်ဇော်ရဲ့အလောင်းကိုတော့ ချောင်းဦးကားဂိတ်အနားမှာ တွေ့ခဲ့တာ။ သွယ်မင်းကျတော့ ထွန်စက်ရုံးနားမှာ တွေ့ခဲ့တာ"လို့ ချောင်းဦးမြို့ခံ အမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။

ဦးသက်ဇော်ရဲ့ရုပ်အလောင်းကို ချောင်းဦးမြို့ ကားဂိတ်အနီးမှာ ဇူလိုင်လ ၁၅ ရက်မနက်မှာ တွေ့ရှိခဲ့ရသလို ကိုသွယ်မင်းရဲ့ အလောင်းကိုတော့ ၁၆ ရက်မနက်မှာ ဒေသခံတွေက တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ကိုသွယ်မင်းမှာ ကျန်းမာရေးမကောင်းဖြစ်နေတဲ့အတွက် ကျားပိုက်ရွာကနေ မြို့အနီးမှာရှိ ခင်မွန်ကျေးရွာကို ရောက်ရှိကာဆေးကုသမှုခံ ယူနေသူတဦးဖြစ်တယ်လို့ အထက်ပါအမျိုး သားကပြောပါတယ်။

ပြီးခဲ့တဲ့ဇွန်လ ၃၀ ရက်မှာလည်း ချောင်းဦးမြို့ပေါ်မှာနေထိုင်တဲ့ စစ်မှူးထမ်းဟောင်း ဦးကျော်လွင် ၄၅ နှစ်ကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသတ်ဖြတ်ကာ အလောင်းကိုချောင်းဦးမြို့ အထွက်က မြို့ဆိုင်းဘုတ်အနီးမှာ အိတ်အမဲစွပ်ပြီး စွန့်ပစ်ခဲ့ကြတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ချောင်းဦး #စစ်ကောင်စီ #အမျိုးသား၂ဦး #အသတ်ခံရ

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10