သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်နဲ့ မုံရွာမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လေကြောင်းနဲ့ ဗုံး ၅၀ ကျော် ကြဲချခဲ့တာကြောင့် ပြည်သူ ၉ ဦးသေဆုံးကာ ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၁၂ရက် မနေ့ည ၁၁ နာရီဝန်းကျင်ကနေ မနက် ၁ နာရီဝန်းကျင်အတွင်း ချောင်းဦးမြို့နယ်အလယ်ခြမ်းက ကျေးရွာတွေနဲ့ မုံရွာမြို့နယ်ထဲက ညောင်ဖြူပင်၊ ဘုဘ၊ သစ်ဆိမ့်ကျေးရွာတွေကို ပထမအကြိမ် လေကြောင်းကြဲခဲ့ပြီး ကလေးငယ်တွေအပါအဝင် အရပ်သားသေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
“ကလေး ၂ ယောက်သေတယ်။ သက်ကြီးရွယ်အို ၁ ယောက်သေတယ်။ ကျနော်တို့နား ချသွားတာတော့ ၄ လုံး၊ ကျနော်တို့လည်း တညလုံး ကတုတ်ကျင်းထဲမှာပဲ အိပ်နေရတာ။ ဗုံးအလုံးရေကတော့ စုစုပေါင်း ၁၂ လုံးထက်မနည်းရှိမယ်။ မနေ့ညက ဘေးနားကျတာ ကတုတ်ကျင်းထဲမို့သာ အစာတွေ(ဗုံးသီးအစတွေ)က ဝှီးကနဲ ဝှီးကနဲပဲ။ ခုလည်း ပြန်ပတ်လာနေပြီ Y12။”လို့ ချောင်းဦးဒေသခံတဦးက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၃ ရက် ဒီကနေ့မနက် ၅ နာရီဝန်းကျင်မှာတော့ မုံရွာမြို့နယ်ထဲ သစ်ဆိမ့်၊ ညောင်ဖြူပင်၊ ဘုဘ၊ ဆူးလေကုန်း၊ ဂျိုးစု စတဲ့ကျေးရွာတွေနဲ့ ဆားလင်းကြီးမြို့နယ်ထဲက ဝဲကြီးရွာဘက်ကို ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ပြီး ဗုံး ၄၈ လုံး ကြဲချခဲ့ကာ ၂ မြို့နယ်ပေါင်း လေကြောင်းတိုက်ခိုက်မှုအတွင်း ဗုံးအလုံးရေ ရာဂဏန်းနီးပါး ကြဲခံခဲ့ရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဒီဘက်မှာ စစ်ရေးဘာညာ လှုပ်ရှားမှုတခုမှမရှိဘဲနဲ့ Y12 နဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်သွားတယ်။ ညပိုင်းရယ် မနက်ပိုင်းရယ် ၂ ကြိမ်ကိုမှ Y12 နဲ့ ဗုံးအလုံး ၁၀၀ ကျော်မယ် ချသွားတာဗျ၊ ပြည်သူ အထိခိုက်လည်း များတယ်။”လို့ မုံရွာဒေသခံတဦးက ပြောပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း ချောင်းဦးမြို့နယ်၊ စစ်ရှောင်စခန်း ၁ ခုက အသက် ၅ နှစ်အရွယ် ယောကျ်ားလေး ၁ ဦး၊ အသက် ၈ နှစ်အရွယ် မိန်းကလေး ၁ ဦး၊ အသက် ၇၀ အရွယ် အမျိုးသား ၁ ဦး၊ မုံရွာမြို့နယ်၊ သစ်ဆိမ့်ရွာက အသက် ၅၀ အရွယ် အမျိုးသမီး ၁ ဦးနဲ့ အချက်အလက်စုံစမ်းဆဲ ပြည်သူ ၃ ဦး၊ ညောင်ဖြူပင်ရွာက အသက် ၅၀ ဝန်းကျင် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး စုစုပေါင်း ၉ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မုံရွာမြို့နယ်ဘက်ခြမ်းမှာ ပြည်သူ ၁၆ ဦး၊ ချောင်းဦးမြို့နယ်ဘက်ခြမ်းမှာ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အဆိုပါ ထိခိုက်ဒဏ်ရာရသူတွေထဲမှာ G-9 နဲ့ G-7 ကျောင်းသူတွေလည်း ပါဝင်ကာ တိရစ္ဆာန်တွေလည်း ထိခိုက်သေဆုံးခဲ့တယ်လို့ နောက်ထပ် မုံရွာဒေသခံတဦးက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်ကလည်း မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ခြမ်းမှာရှိတဲ့ ဝင်းထရံရပ်ကွက်ထဲက ကျောက်တွင်းလုပ်ငန်းခွင်ကို Y 12 နဲ့ ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၅ ဦးသေဆုံးကာ ၂၀ နီးပါးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ပုံစာ - ၂၀၂၄ ခုနှစ်က ပေါက်မြို့နယ် သရက်လေးပင်ကျေးရွာကို စစ်ကောင်စီတပ်က ပေါင် ၃၀၀ ဗုံးကြဲတိုက်ခိုက်ခဲ့စဉ်။
#မြေလတ်အသံ
#စစ်ကိုင်း #ချောင်းဦး #မုံရွာ #လေကြောင်းဗုံးကြဲ #သေဆုံး
Share Share Share