ချောင်းဦးမြို့နယ် ပလဖ အဖွဲ့ရုံး ရွှေ့ပြောင်းပေးရေး ဒေသခံတွေဆန္ဒပြ (ရုပ်/သံ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်အတွင်းက ကျေးရွာတရွာမှာ ချောင်းဦးမြို့နယ်ပလဖအဖွဲ့ ကျေးရွာကနေထွက်သွားပေးဖို့ ဒေသခံတွေက ဆန္ဒပြခဲ့ကြပါတယ်။

ယနေ့ ဩဂုတ် ၂၂ ရက် မနက် ၈ နာရီကျော်ခန့်မှာ ရွာသူရွာသားတွေဟာ ရွာကနေ ပလဖစခန်းချရာနေရာထိ ချီတက်ပြီး ဆန္ဒပြခဲ့ကြတာလို့ ဆိုပါတယ်။

ဒေသခံတွေရဲ့ သဘောတူညီချက်မယူ အသိမပေးဘဲ ကျေးရွာအနီးမှာစခန်းလာချတဲ့အပေါ်  လက်မခံနိုင်တာကြောင့် ကျေးရွာကနေ ထွက်ခွာသွားပေးဖို့ ဆန္ဒထုတ်ဖော်ရတာဖြစ်တယ်လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

ဆန္ဒထုတ်ဖော်ရာမှာ ဒေသခံတွေရဲ့ သဘောထားဆန္ဒဖြစ်တဲ့ တောင်းဆိုချက် ၇ ချက်ပါတဲ့ စာသားဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီး မြို့နယ်ပလဖရုံးရှေ့ထိ ချီတက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

မြို့နယ်ပလဖရုံးအရှေ့မှာ ဒေသခံတွေကဆန္ဒထုတ်ဖော်နေချိန် ပလဖရုံးတာဝန်ရှိသူအချို့ ဆန္ဒပြရတဲ့အကြောင်းကို လာရောက်မေးမြန်းခဲ့ပေမယ့် ခြိမ်းခြောက်ပြောဆိုတာမျိုးတောမ့ရှိဘူးလို့ ပြောပါတယ်။

ဆန္ဒထုတ်ဖော်တာနဲ့ပတ်သက်ပြီး ချောင်းဦးမြို့နယ်ပလဖတာဝန်ခံက သက်ဆိုင်ရာတွေနဲ့ ခေါ်ယူညှိနှိုင်း ဆောက်လုပ်တာဖြစ်ပြီး တရားဥပဒေစိုးမိုးရေးအတွက် လာရောက်တည်ဆောက်တာဖြစ်ကာ ကျေးရွာနဲ့လည်း အလှမ်းဝေးတဲ့နေရာဖြစ်တယ်လို့ မြေလတ်အသံကို ပြောပါတယ်။

ချောင်းဦးမြို့နယ်ပလဖအဖွဲ့ဟာ မူလနဂိုရုံးစိုက်ထားရာ ကျေးရွာတခုကနေ ယခုဆန္ဒပြတဲ့ကျေးရွာကို လွန်ခဲ့တဲ့ ၃ လခန့်ကတည်းက ပြောင်းရွှေ့လာပြီးနောက် ဒေသခံတွေကိုအသိမပေးဘဲ ကျေးရွာအနီးမှာရုံးဆောက်လုပ်နေထိုင်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ချောင်းဦးမြို့နယ် #ပလဖ #အဖွဲ့ရုံး #ရွှေ့ပြောင်းပေးရေး #ဆန္ဒပြ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10