ချောင်းဦးမြို့နယ်အခြေစိုက် Area 71 PDF ရဲဘော် ၃၀ ကျော် တိုက်ခိုက်ရေးအထူးသင်တန်းဆင်း

ချောင်းဦးမြို့နယ်အခြေစိုက် Area 71 PDF ရဲဘော် ၃၀ ကျော် တိုက်ခိုက်ရေးအထူးသင်တန်းဆင်း

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်အခြေစိုက် Area 71 PDF က တပ်ဖွဲ့ဝင်အမျိုးသား၊ အမျိုးသမီး ၃၅ ဦးကို တိုက်ခိုက်ရေးအထူးသင်တန်းပို့ချနေပြီး သြဂုတ် ၉ ရက်မနက်မှတော့ သင်တန်းဆင်းပွဲပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အခုအထူးသင်တန်းကို တပ်ဖွဲ့အတွင်းထဲက PDF အမျိုးသား ၂၉ ဦးနဲ့ အမျိုး သမီး ၆ ဦးရွေးချယ်ပြီး ရက်ပေါင်း ၂၀ ကျော်ကြာပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ Area 71 People Defense Force မှ ပြန်ကြားရေးတာဝန်ခံအိုတီ က ပြောပါတယ်။

ဒါ့အပြင် အခုပြုလုပ်တဲ့သင်တန်းဟာ Area 71 People Defense Forceရဲ့ ပထဆုံးအကြိမ်အပတ်စဥ်(၁) သင်တန်းတခုဖြစ်တာကြောင့် လာမယ့်အချိန်တွေမှာလည်း အခုလိုသင်တန်းမျိုး ဆက်လက်ပြုလုပ်သွားဖို့ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၃၁ ရက်မှာလည်း ချောင်းဦးမြို့နယ်မှာရှိတဲ့ Area 71 PDFအဖွဲ့ရဲ့စခန်းကို စစ်ကောင်စီတပ်သားတွေက ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် စခန်းတခုလုံး ပြာကျခဲ့ရာ သိန်း ၃၀၀ ကျော်ဖို့ ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

စခန်းမီးရှို့ခံလိုက်ရပေမယ့် PDFတွေအထိ အခိုက်မရှိသလို အဖွဲ့သားတွေအနေနဲ့လည်း စိတ်ဓာတ်မကျဘဲ နောက်ထပ်စခန်းအသစ်တခု ဆောက်လုပ်အခြေချကာ စစ်ကောင်စီတပ်သားတွေကို ဆက်လက်တိုက်ခိုက်နေတဲ့ တပ်ဖွဲ့တခုလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၄ ရက်မှာ မုံရွာမြို့၊ ညောင်ပင်စောက်ရပ်ကွက်အတွင်းကို စစ်ကောင်စီတပ်ဖွဲ့တွေက သံပြားတွေကာထားတဲ့ စစ်ကား ၂ စီးနဲ့ ဝင်ရောက်ကာ ဒေသခံတွေရဲ့ နေအိမ်တွေ၊ ကွမ်းခြံတွေကို မီးရှို့ဖျက်ဆီးနေချိန်  Area 71 PDF Monywa အဖွဲ့နဲ့ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေး ပလဖ အဖွဲ့တို့ ပူးပေါင်းပြီး လက်လုပ်တာဝေးပစ် ၆၀ မမနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #စစ်ကိုင်းတိုင်း #မုံရွာခရိုင် #ချောင်းဦး #PDF #သင်တန်းဆင်း #ပလဖ #စစ်ကောင်စီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10