သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအနီး ချောင်းဦး - မြင်းမူလမ်းပေါ်မှာ လမ်းသွား ပြည်သူတွေဆီကနေ ပိုက်ဆံကောက်နေတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့ ပစ်ခတ်ခံရပြီး ၃ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရတယ်လို့ မုံရွာခရိုင်တပ်ရင်း ၁၁ ဆီက သိရပါတယ်။
နိုဝင်ဘာ ၁ ရက် ဒီမနက် ၇ နာရီ ၄၅ မိနစ်ခန့်မှာ ‘သံလွင်မြန်မာ’ စက်သုံးဆီဆိုင်အနီးမှာ အင်အား ၁၀ ဦးခန့်ရှိနေတဲ့ စစ်ကောင်စီအဖွဲ့ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ကားနဲ့ အနီးကပ်သွားရောက် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
"ကျနော်တို့ရောက်တဲ့အချိန်နဲ့ သူတို့အုပ်စုကွဲတဲ့အချိန်ဖြစ်တော့ အခွင့်တော့မသာခဲ့ဘူး။ လက်နက် မကောက်နိုင်လိုက်ဘူး။ ကားနဲ့ဝင်ပစ်တာ။ ကားနဲ့ချက်ချင်းပစ်ပြီး ပြန်လှည့်ထွက်လာရတာ။ ပစ်ခတ်မှုက ၂ မိနစ် ၃ မိနစ်လောက်ပဲ ကြာတယ်။"လို့ မုံရွာခရိုင်တပ်ရင်း ၁၁ တာဝန်ခံကပြောပါတယ်။
အဲ့ဒီစစ်ကောင်စီအဖွဲ့ဟာ လမ်းသွားလမ်းလာ ကား၊ ဆိုင်ကယ်တွေကို နေ့စဥ်လိုလို စစ်ဆေးငွေတောင်းနေတဲ့အဖွဲ့တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က ၁ ဦးနေရာတင်လဲကျသေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၃ ဦးရှိခဲ့တယ်လို့ မျက်မြင်တွေ့ရှိချက်အရ ကနဦးအတည်ပြုခဲ့တယ်လို့ အထက်ပါတာဝန်ခံက ပြောပါတယ်။
အဲ့ဒီနောက် ဒဏ်ရာရသူတွေကို စစ်ကောင်စီကအိမ်စီးကားတွေနဲ့တင်ပြီး ချောင်းဦးဆေးရုံမှာ အရင် ဆေးကုသပြီး ဒဏ်ရာပြင်းထန်တဲ့အတွက် မုံရွာဆေးရုံကိုလွှဲပြောင်းကုသစဥ်မှာ နောက်ထပ် စစ်သား ၂ ဦး ထပ်မံသေဆုံးသွားတယ်လို့သိရကြောင်း သူကဆက်ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက် မနက် ၁၀ နာရီခန့်မှာ ငါးယှန်ကျေးရွာမှာတပ်စွဲထားတဲ့စစ်ကောင်စီအဖွဲ့က ၆၀ မမ ၃ လုံးပစ်ခတ်ခဲ့ရာ သန်းပင်ကန်ကျေးရွာက လူနေအိမ် ၂ လုံးထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက် တာတော့မရှိဘူးလို့ ဆိုပါတယ်။
အောက်တိုဘာ ၃၁ ရက်ကလည်း ချောင်းဦးမြို့နယ်၊ မုံရွာ-ချောင်းဦးလမ်းပိုင်းတနေရာမှာ မုံရွာမြို့နယ်၊ တောပုပျူရွာကနေ ခြေလျင်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး အဖွဲ့ကို Brave Heart Army-BHA ကမိုင်းဆွဲခဲ့ပြီး စစ်ကောင်စီ ၅ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#စစ်ကိုင်း #ချောင်းဦး #ငါးယှန် #စစ်ကောင်စီ #ပစ်ခတ်ခံရ
Share Share Share