ချောင်းဦးမှာ စစ်မှုထမ်းဟောင်းဆိုသူအမျိုးသားတဦးကို စစ်တပ်က သတ်ပြီး အလောင်းစွန့်ပစ်

ချောင်းဦးမှာ စစ်မှုထမ်းဟောင်းဆိုသူအမျိုးသားတဦးကို စစ်တပ်က သတ်ပြီး အလောင်းစွန့်ပစ်

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ပေါ်မှာနေထိုင်တဲ့ စစ်မှူးထမ်းဟောင်းဆိုသူအမျိုးသားတဦးကို စစ်ကောင်စီတပ်သားတွေက ဇွန်လ ၃၀ ရက် မနက် ၁၁ နာရီကျော်မှာ ဖမ်းဆီးသတ်ဖြတ်ကာ အလောင်းကို စွန့်ပစ်ခဲ့တယ်လို့ ချောင်းဦး PDF ဆီက သိရပါတယ်။

အသတ်ခံရသူမှာ အသက် ၄၅ နှစ်အရွယ် ဦးကျော်လွင် ဆိုသူဖြစ်ပြီး ဇွန်လ ၃၀ ရက်မနက်ပိုင်းမှာ ချောင်းဦးမြို့နယ်၊ ငါးယှန်ရွာအနီး စစ်ကားမိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်သားတွေက သူ့ကိုဖမ်းဆီးကာ အဲ့ဒီနေ့ညပိုင်းမှာဘဲ သတ်ဖြတ်လိုက်တာလို့ ဆိုပါတယ်။

"ကျနော်တို့စစ်ကားကို မိုင်းဆွဲတယ်။ အဲ့ဒီအချိန်မှာ သူကဘယ်ကိုသွားလည်းတော့မသိဘူး။ မိုင်းသံတွေကြားလို့ မြို့ထဲပြန်ဝင်တာမှာ စကစတွေနဲ့တွေ့ပြီး ဖမ်းပြီးအသတ်ခံရတာ။ သူက စစ်သားဟောင်းလို့သိရတယ်။ ဘယ်လိုထွက်လာတယ်၊ ဘယ်ရာထူးဆိုတာတော့မသိဘူး" လို့ ချောင်းဦး PDF ရဲဘော်တဦးက မြေလတ်အသံကို ပြောပါတယ်။

ဦးကျော်လွင်ကို စစ်ကောင်စီတပ်သားတွေက သတ်ပြီးတဲ့နောက် အလောင်းကို အဲ့ဒီနေ့ ည ၈ နာရီကျော်မှာ ချောင်းဦးမြို့အထွက် မြို့ဆိုင်းဘုတ်အနီးမှာ အိတ်အမဲစွပ်ကာ စွန့်ပစ်ခဲ့ကြပြီး လမ်းဘေးမှာ စွန့်ပစ်ခံထားရတဲ့ ဦးကျော်လွင်ရဲ့ ရုပ်အလောင်းကိုတော့ ဇူလိုင်လ ၁ ရက်မနက်ပိုင်းမှာ မိသားစုဝင်တွေက ကောက်ယူခဲ့ကြရတယ်လို့ သူကဆက်ပြောပါတယ်။

ဇွန်လ ၃၀ ရက် မနက်ပိုင်းက ချောင်းဦးမြို့ပေါ်ကနေ နတ်ရေကန်ကျေးရွာကို ထွက်ခွာလာတဲ့ စစ်ကောင် စီသုံးသံပြားကာကားတစီး မိုင်းဆွဲခံရလို့ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးခဲ့သလို စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်မှုကြောင့် ခရီးသည်တင်ကားကိုထိမှန်ကာ အရပ်သားထိခိုက်မှုတွေရှိခဲ့တယ်လို့ ချောင်းဦး PDF ဆီကသိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ချောင်းဦး #စစ်မှုထမ်းဟောင်း #အသတ်ခံရ #စစ်ကောင်စီတပ် #အလောင်းစွန့်ပစ်

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10