ခြုံကြီးရွာမှာအသတ်ခံလိုက်ရတဲ့ PDF ရဲဘော်ရဲ့မိသားစုကို ငွေကျပ် ၁၀ သိန်းထောက်ပံ့

ခြုံကြီးရွာမှာအသတ်ခံလိုက်ရတဲ့ PDF ရဲဘော်ရဲ့မိသားစုကို ငွေကျပ် ၁၀ သိန်းထောက်ပံ့

စစ်ကောင်စီတပ်သားတွေရဲ့ဖမ်းဆီးသတ်ဖြတ်တာကိုခံခဲ့ရတဲ့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တဦးရဲ့မိသားစုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန MOD က ငွေကျပ် ၁၀ သိန်း ထောက်ပံ့ပေးခဲ့တယ်လို့ အဲ့ဒီတပ်ဖွဲ့ဆီက သိရပါတယ်။ 

အသတ်ခံခဲ့ရတဲ့ အသက် ၂၄ နှစ်အရွယ် ရဲဘော် အောင်ဖြိုးဇော် (ခ) ဘောကြီးရဲ့ မိသားစုဝင်တွေကို စက်တင်ဘာ ၁၉ ရက်မှာ MOD ကိုယ်စား သွားရောက်ထောက်ပံ့ပေးခဲ့တာလို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ 

ရဲဘော် အောင်ဖြိုးဇော် ဟာ စက်တင်ဘာ ၁၆ ရက်က မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ခြုံကြီးကျေးရွာမှာ စစ်ကောင်စီတပ်သားတွေရဲ့ ဖမ်းဆီးသတ်ဖြတ်တာကို ခံခဲ့ရတာဖြစ်ပြီး အလောင်းကိုတော့ စက်တင်ဘာ ၁၇ ရက်က တောင်သာမြို့နယ်ပကဖ အခြေစိုက်တဲ့နေရာမှာ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ခြုံကြီးကျေးရွာမှာ စစ်ရေးလှုပ်ရှားမှုလုပ်ဖို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေစုဝေးနေချိန်မှာ  စစ်ကောင်စီဘက်က ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး ရဲဘော်ဘောကြီးအပြင် နောက်ထပ် PDF ရဲဘော် ၄  ဦးလည်း ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရပါတယ်။ 

ဒါ့အပြင် ထိတွေ့ပစ်ခတ်မှုတွေဖြစ်ပြီး လေကြောင်းနဲ့ပါပစ်ခတ်တိုက်ခိုက်လို့ ကိုယ်ဝန်သည်အမျိုးသမီး ၁ ဦးလည်း သေဆုံးခဲ့ပြီး ဒေသခံ ၁၁ ဦးလောက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ 

ပုံစာ - ကျဆုံးရဲဘော် အောင်ဖြိုးဇော် (ခ) ဘောကြီး။

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #တောင်သာ #စစ်ကောင်စီ #ဖမ်းဆီးသတ်ဖြတ် #တော်လှန်ရေးရဲဘော် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10