ခြေလျင်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရလို့ စစ်သား ၂ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ အင်ကြင်းတောင်က ခြေလျင်ထွက်လာတဲ့ စစ်သားနဲ့ပျူ‌စောထီးတွေကို ဖိုလ်ဝင်တောင် အနောက်တောင်ဘက်အရောက်မှာ ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ Myanmar's Royal Dragon Army-MRDA အဖွဲ့ဆီက သိရပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ မုံရွာကနေ ဇွန်လ ၆ရက်က ထွက်လာခဲ့တာဖြစ်ပြီး ဇွန်လ ၇ ရက် မနက် ၉ နာရီခန့်က ယင်းမာပင်မြို့နယ် အင်ကြင်းတောင်မှာတထောက်နားကာ ထွက်လာတဲ့ အင်အား ၁၅၀ ပါတဲ့ စစ်သား၊ ရဲနဲ့ ပျူ‌စောထီးတွေ ခြေလျင်ထွက်လာအချိန် တိုက်ခိုက်ခဲ့တာလို့ Myanmar's Royal Dragon Army-MRDA ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

"အင်အားကတော့ ၁၅၀ လောက်ပါတယ်။ RPG၊ စနိုက်ပါ၊ ၄၀ မမ ၃ လုံးနဲ့ တိုက်ခိုက်လိုက်တာ။ ကြားဖြတ်တိုက်ခိုက်တာဆိုတော့ ၁၅ မိနစ်လောက်ပဲကြာတယ်။ သူတို့ဘက်ကလည်း ပြန်ပစ်ပါတယ်။ မျက်မြင်ကတော့ ၂ ကောင်သေပြီး ထိခိုက်ဒဏ်ရာရတာတော့ မသိ‌ရသေးဘူး" လို့ ပြောပါတယ်။

အဲ့ဒီခြေလျင်စစ်ကြောင်းက ညနေပိုင်းမှာ ပုလဲမြို့နယ်ထဲကို ဝင်သွားပြီး သေဆုံးစစ်သားအလောင်းတွေကို နောက်နေ့မနက်မှာ ထမ်းစင်တွေနဲ့ သယ်ကာ ပုလဲမြို့နယ် သုဿန်ထဲမှာ မီးသင်္ဂြိုလ်နေတယ်လို့ MRDA ကင်းထောက်တွေဆီက သိရပါတယ်။

ဒီတိုက်ခိုက်မှုကို Myanmar's Royal Dragon Army-MRDA၊ MRDA ဆားလင်းကြီးတပ်ခွဲ နဲ့ ဆားလင်းကြီးအခြေစိုက် BDF ၄ ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

 

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ယင်းမာပင် #ခြေလျင်စစ်ကြောင်း #ကြားဖြတ်တိုက်ခိုက်ခံရ #စစ်ကောင်စီ #ပျူစောထီး #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10