ခွင့်နဲ့ပြန်လာတဲ့ နေပြည်တော်က ဗိုလ်ကြီး ဝင်းဇော်ကို ပခုက္ကူ KTV မှာ အရှင်ဖမ်းမိ

ခွင့်နဲ့ပြန်လာတဲ့ နေပြည်တော်က ဗိုလ်ကြီး ဝင်းဇော်ကို ပခုက္ကူ KTV မှာ အရှင်ဖမ်းမိ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ စက်မှုဇုန်ရပ်မှာ ၃ ပွင့်ဗိုလ်ကြီး ဝင်းဇော်ကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့  Southern YSO PDF အဖွဲ့ဆီက သိရပါတယ်။ 

ဗိုလ်ကြီးဝင်းဇော်ကို ဇူလိုင် ၂၄ ရက် ညနေ ၃ နာရီလောက်မှာ KTV က ပြန်ထွက်လာချိန် စောင့်ဆိုင်းဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

“ကျနော်တို့က မြို့တွင်းကို တခြားမစ်ရှင်တခုနဲ့ သွားတာ။ ဒါပေမယ့် (သုံးပွင့်ဗိုလ်ကြီးမှာသေနတ်) အတိုပါတယ်ဆိုပြီး သတင်းကြိုရခဲ့တယ်။ အဲ့ရတဲ့သတင်းနဲ့ ဝင်ကုတ်လိုက်တာပေါ့။ KTV ကအထွက်တနေရာမှာ ဆိုင်ကယ်ရှေ့က ပိတ်တားပြီး သေနတ်ထုတ်ပြ လက်ထိပ်ခတ် ဖမ်းခေါ်လာရတဲ့ အခြေနေပေါ့။” လို့ Southern YSO PDF အဖွဲ့တာဝန်ခံ ကိုအောင်မောင်းက ပြောပါတယ်။

ဗိုလ်ကြီးဝင်းဇော်ဟာ ဗိုလ်သင်တန်းကျောင်း (OTS) အမှတ်စဉ် ၁၁၂  သင်တန်းဆင်း အရာရှိဖြစ်ပြီး  လက်ရှိ နေပြည်တော်အခြေစိုက် အမှတ်၂၃ တပ်မတော်ဆေးရုံ(ကုတင် ၂၅) မှာ တပ်ရေး တပ်ထောက်ဗိုလ်ကြီးအဖြစ် တာဝန်ကျနေသူဖြစ်ပြီး ခွင့်နဲ့ပြန်လာချိန်မှာ ခုလိုဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ 

သူနဲ့အတူ မှတ်ပုံတင် တခု၊ အင်းဝဘဏ် ATM ကဒ်တခု၊ Shayang 125 တစီး၊ ငွေကျပ် ခြောက်သိန်းကျော်နဲ့  ဖုန်း နှစ်လုံးတို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိ ဖမ်းဆီးရမိထားတဲ့ ဗိုလ်ကြီးကို စစ်သုံ့ပန်းဥပဒေနဲ့အညီ စစ်ဆေးမေးမြန်းနေဆဲဖြစ်ပြီး စစ်ဆေးမှုပြီးစီးသွားရင်တော့ သက်ဆိုင်ရာဌာနတွေကို လွှဲပြောင်းပေးသွားမှာဖြစ်တယ်လို့ ကိုအောင်မောင်းက ပြောပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #ဗိုလ်ကြီး #ဖမ်းမိ #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10