ဂန့်ဂေါခရိုင်တပ်ရင်း ၁ ရဲ့ စိတ်ဓါတ်မြှင့်တင်ရေး အားကစားပွဲနဲ့ ဖြေဖျော်ပွဲတွေ (ရုပ်/သံ)

 

မကွေးတိုင်းအခြေစိုက် ဂန့်ဂေါခရိုင်အမှတ် ၁ တပ်ရင်းမှ ရဲဘော်တွေကို ဇန်နဝါရီ ၁၄ ရက် မနက် ၈ နာရီကနေ ည ၁၁ နာရီကျော်အထိ အားကစားပြိုင်ပွဲတွေအပါအဝင် ဖြေဖျော်ပွဲတွေကိုကျင်းပပေးခဲ့တယ်လို့ တပ်ရင်းတာဝန်ရှိသူက ပြောပါတယ်။

တပ်ရင်းရှိ တပ်ခွဲ ၃ ခွဲမှ ရဲဘော်အမျိုးသားတွေအတွက် ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ Table Tennis စတဲ့ကစားပွဲတွေကို တပ်ခွဲတခုနဲ့တခုပြိုင်ဆိုင် ကစားကြရတာဖြစ်သလို အမျိုးသမီးရဲဘော်တွေအတွက် သေနတ်ပစ်ပြိုင်ပွဲကို အဓိကထားပြုလုပ်ပေးခဲ့တယ်လို ဆိုပါတယ်။

ပြိုင်ပွဲဝင် ရဲဘော်တွေအတွက် ပထမဆု ၁သိန်းခွဲ၊ ဒုတိယဆု ၁သိန်း၊ တတိယဆု ၅သောင်းသတ်မှတ်ပြီးတော့ ချီးမြှင့်ပေးတယ်လို့ သူကဆက်ပြောပါတယ်။

အားကစားပြိုင်ပွဲချိန်ကို မနက် ၈ နာရီက နေ ညနေ ၄ နာရီအထိသတ်မှတ်ပြီးတော့ သီချင်းတွေဖွင့်ပြီး ကပြရတဲ့ပျော်ပွဲရွှင်ပွဲကိုတော့ ည ၆ နာရီကနေ ၁၁ နာရီအထိ ကျင်းပပေးခဲ့တာလည်း ဖြစ်ပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#သတင်း #ရုပ်သံ #ဂန့်ဂေါ #ရဲဘော် #စိတ်ဓါတ်မြှင့်တင်ရေး #ပျော်ပွဲရွှင်ပွဲ #အားကစားပွဲ #သေနတ်ပစ် #ပြိုင်ပွဲ #ကျင်းပ #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10