ဂန့်ဂေါနယ်အတွင်းမှာ စစ်တပ်ထုတ်ကုန် မြန်မာဘီယာတင်ဆောင်လာတဲ့ ကုန်တင်ယာဉ် ၁ စီးကို ဖမ်းဆီး

ဂန့်ဂေါနယ်အတွင်းမှာ စစ်တပ်ထုတ်ကုန် မြန်မာဘီယာတင်ဆောင်လာတဲ့ ကုန်တင်ယာဉ် ၁ စီးကို ဖမ်းဆီး

မကွေးတိုင်း၊ ဂန့်ဂေါနယ်အတွင်းမှာ စစ်ကောင်စီထုတ်ကုန် မြန်မာဘီယာတင်ဆောင်လာတဲ့ ၁၂ ဘီး ကုန်တင်ကားကို အောက်တိုဘာလ ၁၈ ရက် ဒီ‌ကနေ့မနက်ပိုင်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့ Yaw Revolution Army - ထီးလင်းအဖွဲ့ဆီက သိရပါတယ်။


မန္တလေးဘက်ကနေ သယ်ဆောင်မောင်းနှင်လာတဲ့ အဲ့ဒီကုန်တင်ယာဉ်ကို ရေမျက်နီရွာနဲ့ ဂန့်ဂေါမြို့အကြား ပုလဲ - ဂန့်ဂေါလမ်းပိုင်းမှာ ရှောင်တခင်စစ်ဆေးချိန် မြန်မာဘီယာဖာ ၃၀ ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီထုတ် မြန်မာဘီယာတွေပြန်ပြီးသယ်နေတာ။ သတင်းရထားလို့ ရှောင်တခင်စစ်ဆေးလိုက်တာ။ ထင်တဲ့အတိုင်းပဲ မြန်မာဘီယာတွေ၊ အချိုရည်တွေ ကုန်တင်ကားပေါ်ကနေ ‌တွေ့ခဲ့ရတယ် လို့ YRA တပ်ဖွဲ့ခေါင်းဆောင် သခင်ဇော်က ပြောပါတယ်။

စစ်တပ်ထုတ်ကုန်တွေကို ဖမ်းဆီးပြီးနောက် နေရာမှာဘဲဖျက်ဆီးခဲ့ကာ သယ်ဆောင်လာတဲ့ ယာဉ်မောင်းနဲ့ ကုန်ပစ္စည်းပိုင်ရှင်တို့ကို YRA တပ်ရင်း ၁၅၊ ၁၆၊ ၁၇  တို့က အရေးယူဆောင်ရွက်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်ကတော့ ၄င်းတို့အုပ်ချုပ်ရေးယန္တရားအားကောင်းတဲ့မြို့နယ်တွေမှာ မြန်မာဘီယာ၊ Ruby ဆေးလိပ် စတာတွေအပါအဝင် စစ်တပ်ထုတ်ကုန်တွေ ပြန်လည်ရောင်းချဖို့ ဖိအားပေးနေပြီး ရောင်းချခြင်းမရှိတဲ့ စျေးဆိုင်တွေကို အရေးယူမယ်လို့စာထုတ်ပြန်ထားပါတယ်။ 

စာတည်း- ရင်ငြိမ်း

#မြေလတ်အသံ

#ဂန့်ဂေါ #စစ်တပ်ထုတ်ကုန် #PDF #ဖမ်းဆီးမှု #မြန်မာဘီယာ #YRA #အရေးယူဆောင်ရွက် #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10