ဂန့်ဂေါမြို့နယ် မင်းရွာရဲစခန်းကို PDF တွေ သိမ်းပိုက်မီးရှို့၊ ဒေသခံ ၂ ဦး လက်နက်ကြီးထိမှန်သေဆုံး

ဂန့်ဂေါမြို့နယ် မင်းရွာရဲစခန်းကို PDF တွေ သိမ်းပိုက်မီးရှို့၊ ဒေသခံ ၂ ဦး လက်နက်ကြီးထိမှန်သေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာရှိတဲ့ မင်းရွာရဲကင်းစခန်းကို နိုဝင်ဘာလ ၃ ရက်  ဒီနေ့မနက်ပိုင်းက ဒေသကာကွယ်ရေးအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီး စခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေဆီက ပြောပါတယ်။ 

တိုက်ပွဲဖြစ်နေစဥ်အတွင်း စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်တာကြောင့် မင်းရွာက အသက် ၈၀ နှစ်အရွယ် ဦးအောင်ဆန်း နဲ့ အသက် ၃၉ နှစ်အရွယ် ဦးမျိုးလွင်ဦးတို့ သေဆုံးခဲ့တယ်လို့သိရပါတယ်။

အဲဒီရဲကင်းစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဒီနေ့ မနက် ၆ နာရီလောက်က စတင်တိုက်ခိုက်ခဲ့ပြီး ၉ နာရီလောက်မှာ စခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကာ စစ်ကောင်စီတပ်သား ၁၀ ဦးကို အရှင်ဖမ်းနိုင်လိုက်တယ်လို့ သိရပါတယ်။

"ဖမ်းထားတဲ့သူတွေကို စစ်သုံ့ပန်းဥပဒေအရသေချာထားထားပါတယ် "လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက ပြောပါတယ်။

မင်းရွာရဲကင်းစခန်းကို ပြီးခဲ့တဲ့ သြဂုတ် ၁၅ ရက် ကလည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက် တိုက်ခိုက်ခဲ့ပေမယ့် စစ်ကောင်စီတပ်က လေယာဥ်ပစ်ကူခဲ့တာကြောင့် နောက်ပြန်ဆုတ်ခဲ့ရတာလို့သိရပါတယ်။

ဒီနေ့ မနက်မှာ ကောလင်းမြို့ကိုလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူ ၃ ကြိမ်အထိ ပေးထားပြီး တိုက်ပွဲဆက်ဖြစ်နေတယ်လို့သိရပါတယ်။

ပုံစာ - မင်းရွာရဲစခန်းအား PDF များ မီးရှို့နေပုံနှင့် စစ်ကောင်စီပစ်ခတ်သော လက်နက်ကြီးထိမှန် သေဆုံးသည့် ဒေသခံနှစ်ဦး ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ဂန့်ဂေါ #မင်းရွာရဲစခန်း #မီးရှို့ဖျက်ဆီး #လေကြောင်း #လက်နက်ကြီးထိမှန် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10