ဂန့်ဂေါမြို့နယ် အမြောက်တပ်ကပစ်လိုက်တဲ့ကျည် မင်းရွာထဲကိုကျလို့ အမျိုးသား ၁ ဦးသေဆုံး

ဂန့်ဂေါမြို့နယ် အမြောက်တပ်ကပစ်လိုက်တဲ့ကျည် မင်းရွာထဲကိုကျလို့ အမျိုးသား ၁ ဦးသေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် အမြောက်တပ်ကနေ မင်းရွာထဲကို ဟောင်ဝစ်ဇာလက်နက်ကြီး ၃ လုံးပစ်ခတ်ခဲ့လို့ သက်ကြီးပိုင်းအရွယ်ရှိ ဖိုးပြူးမောင် ဆိုသူ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၉ ရက် ဒီနေ့ မနက် ၁၁ နာရီဝန်းကျင်မှာ ဂန့်ဂေါမြို့နယ်၊  အမှတ် ၃၇၁ အမြောက်တပ်ရင်း ဒေသအခေါ် ပြည့်ဝ(ပစ်မ)အမြောက်တပ်ကနေ မင်းရွာထဲကို ဟောင်ဝစ်ဇာလက်နက်ကြီး ၃ လုံးပစ်ခတ်ခဲ့တာပါ။ 

၃ လုံးမှာ ၂ လုံးက မင်းရွာထဲကျရောက်ထိမှန်ခဲ့တာကြောင့် အသက် ၅၀ ကျော်အရွယ် ဖိုးပြူးမောင် ဆိုသူ သေဆုံးခဲ့ပြီး ပြည်သူတချို့လည်း ဒဏ်ရာရခဲ့ကြတယ်လို့ သိရပါတယ်။

"မင်းရွာနဲ့ ပစ်မအမြောက်တပ်ဆိုတာက လေမိုင်ဆို ၈ မိုင်လောက်ပဲရှိတာ၊ ဟောင်ဝစ်ဇာ ၃ လုံးကို မင်းရွာထဲ ပစ်တယ်ဆိုတာက တမင်ရည်ရွယ်ချက်ရှိရှိ အရပ်သားပြည်သူတွေကို တိုက်ခိုက်တာပဲ။" လို့ ဒေသခံပြည်သူ့ ကာကွယ်ရေးရဲဘော်တဦးက ပြောပါတယ်။

လက်ရှိမှာတော့ နောက်ထပ်လက်နက်ကြီးပစ်ခတ်မှာကြောက်လို့ မင်းရွာပြည်သူတွေ ရှောင်တိမ်းနေရပြီး ဒဏ်ရာရရှိတဲ့ပြည်သူတွေအကြောင်း အသေးစိတ်မသိရသေးဘူးလို့ ပြောပါတယ်။

ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ၂၀၂၃ နိုဝင်ဘာ ၃ ရက်က သိမ်းပိုက်ခဲ့ပြီး အဲ့ဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က သုံ့ပန်း ၁၁ ယောက်နဲ့ သေနတ် ၁၇ လက်ရရှိခဲ့တာဖြစ်ပါတယ်။ ယနေ့အချိန်အထိ မင်းရွာကို တော်လှန်ရေးတပ်တွေကပဲ ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။

သတင်း - Razor၊ စာတည်း - JCG

#မြေလတ်အသံ

#ဂန့်ဂေါမြို့ #အမြောက်တပ် #မင်းရွာ #ဟောင်ဝစ်ဇာ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10