ဂန့်ဂေါမြောက်ပိုင်းတိုက်ပွဲမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အလွန်အကျွံသုံးနေ

ဂန့်ဂေါမြောက်ပိုင်းတိုက်ပွဲမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အလွန်အကျွံသုံးနေ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ ကန်ရွာနားမှာ စစ်ကောင်စီနဲ့ နယ်မြေခံကာကွယ်ရေးအဖွဲ့တွေ ထိတွေ့တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု အလွန်အကျွံ ပြုလုပ်နေတယ်လို့ သိရပါတယ်။

မတ်လ ၃၁ ရက် ဒီကနေ့ မနက် ၆ နာရီဝန်းကျင်ထဲက ပစ်ခတ်မှုတွေစတင်နေတာ ဖြစ်ပြီး မနက် ၁၀ နာရီလောက်မှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။


“မနက်အစောထဲက ဖြစ်နေတာ၊ လေယာဥ်ပစ်ကူကို ၁၀ နာရီလောက်ကနေစတင်တာဗျ။ လေကြောင်းမလာခင်ထိတော့ ကိုယ့်ဘက်က အခြေနေကောင်းပါတယ်။ အဲ့နောက်ပိုင်းတော့ အတိအကျပြောလို့ မရသေးဘူးဗျ။ ခုနကလေးတင် ပစ်နေဆဲပါ။" လို့ ဂန့်ဂေါဒေသခံတဦးက ယနေ့ နေ့လည် ၂ နာရီခွဲခန့်က ပြောပါတယ်။

စစ်ကောင်စီဘက်က အထိနာလို့ မနက် ၁၀ နာရီဝန်းကျင်မှာ ပထမဆုံးလေကြောင်းတိုက်ခိုက်မှုစတင်ခဲ့ပြီး ၅ ကြိမ်မြောက် လေကြောင်းပစ်ခတ်မှုကိုတော့ နေ့လည် ၁ နာရီခွဲက ပစ်ခတ်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။

လေကြောင်းပစ်ခတ်မှုတွေကြောင့် မြေပြင်အခြေအနေစုံစမ်းလို့မရဖြစ်နေပြီး တိုက်ပွဲတွင်းပစ်ခတ်သံတွေတော့ ငြိမ်နေပေမယ့် လေ‌ယာဉ်တွေကတော့ နေ့လည် ၃ နာရီထိ ကောင်းကင်မှာ ဝဲနေတုန်းဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်က လေယာဉ်နဲ့ အင်အားဖြည့်တင်းတာတွေကိုလည်း လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

စာတည်း - 007
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10