သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ ရထားသံလမ်းအနီးက စစ်ကောင်စီဂိတ်မှာ ကားတွေဆီက ပိုက်ဆံကောက်နေတဲ့ ရဲတပ်ကြပ်ကြီးတဦး ဆီဘောက်ဆာကားနဲ့တိုက်ခံရပြီး ဆေးရုံတင်ထားရကာ အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇွန် ၆ ရက် မနေ့က ညနေ ၅ နာရီခွဲမှာ မန္တလေး-မြစ်ကြီးနား ဆီတင်ပို့နေတဲ့ ၁၂ ဘီး ဆီဘောက်ဆာကားက မြို့ထဲကနေ မြို့ပြင်ကိုမောင်းလာချိန် ကားတွေဆီက ဂိတ်ကြေးတောင်းပြီး လမ်းဖြတ်ကူးလာတဲ့ ရဲတပ်ကြပ်ကြီးကို တိုက်မိခဲ့တာလို့ ဆိုပါတယ်။
“ရဲတပ်ကြပ်ကြီးက ကားတစီးမှာ ပိုက်ဆံတောင်းနေတာ။ တောင်းပြီး လမ်းတဖက်ကို ဖြတ်ကူးတာမှာ ဟိုဘက်က လာတဲ့ကားနဲ့တိုက်မိတာ။ လွင့်ထွက်သွားပြီး သေနတ်လည်းကျိုးသွားတယ်။ ဒဏ်ရာတော့ တော်ဝောာ်ပြင်းထန်တယ်။ သေနိုင်တယ်လို့လည်း ပြောတယ်။”လို့ အင်းတော် ဒေသခံတဦးက ပြောပါတယ်။
ကားနဲ့အတိုက်ခံရတဲ့ ရဲတပ်ကြပ်ကြီးကို အင်းတော်ဆေးရုံကိုပို့ကာ ကုသပေးနေပြီး မျက်နှာတခြမ်း စုတ်ပြဲဒဏ်ရာအပြင် ကားတိုက်စဉ် ရရှိတဲ့ဒဏ်ရာတွေကပြင်းထန်တာကြောင့် အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေလို့လည်း ဆိုပါတယ်။
ဆီဘောက်ဆာကား ယာဥ်မောင်းနဲ့ ယာဉ်နောက်လိုက်ကို အင်းတော်ရဲစခန်း အချုပ်ထဲမှာဖမ်းထားပြီး ကားကိုလည်း သိမ်းထားကာ ယာဉ်တိုက်မှုဖြစ်ပြီးနောက် အဆိုပါစစ်ဆေးရေးဂိတ်မှာ လုံခြုံရေး တင်းကျပ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
အင်းဝောာ်မြို့နယ်ပညာရေးမှူးရုံးရှေ့မှာ ခရီးသွားပြည်သူတွေရဲ့ အချက်အလက်အစုံစစ်တဲ့ ပင်မ စစ်ကောင်စီစစ်ဆေးရေးဂိတ်ရှိပြီး အခုယာဥ်တိုက်မှုဖြစ်တဲ့ ဂိတ်ကတော့ ဘီးခွန်ဆိုပြီး ပိုက်ဆံ သီးသန့်တောင်းတဲ့ ဂိတ်ဖြစ်တယ်လို့ သိရပါတယ်။
ပုံစာ - ရဲတပ်ကြပ်ကြီးကို တိုက်ခဲ့သည့် ဆီဘောက်ဆာကားအား ဖမ်းဆီးထားစဥ်။
စာတည်း - လင်း
#မြေလတ်အသံ
#စစ်ကိုင်း #အင်းတော် #ရဲတပ်ကြပ်ကြီး #ကားတိုက် #ဒဏ်ရာပြင်းထန်
Share Share Share