ဂိတ်ချစစ်ဆေးနေတဲ့ စစ်ကောင်စီတပ်သားတွေ ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ၃ ဦးသေ၊ ၆ ဦးအထက်ဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ တက်စည်ကျေးရွာနဲ့ ခက်လန်းကျေးရွာအကြား လမ်းဘေးမှာဂိတ်ချစစ်ဆေး‌ရေးလုပ်နေတဲ့ စစ်အုပ်စုကို မေ ၂၃ ရက် မနက် ၉ နာရီခန့်မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်းဆီက သိရပါတယ်။

အဲဒီစစ်ကောင်စီတပ်သားတွေဟာ နွားထိုးကြီး-ပြင်စည်လမ်းပိုင်းရှိ ပြင်စည်ကျေးရွာအတွင်းမှာ အထိုင်ချတပ်စွဲထားတာဖြစ်ပြီး ခက်လန်း-တတ်စည်ကျေးရွာအနီးကို အင်အား၃၀ခန့်နဲ့ စစ်ကြောင်းထိုးလာပြီး ဂိတ်ချစစ်ဆေးနေချိန်မှာ ဒရုန်းနဲ့ဗုံးသီး ၃ လုံးချ တိုက်ခိုက်ခဲ့တာလို့ Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ၃ ဦးသေဆုံးကာ ၆ ဦးထက်မနည်း ဒဏ်ရာရရှိသွားတယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာ ဒရုန်းနဲ့တိုက်ခိုက်ခံခဲ့ရတဲ့ စစ်ကောင်စီအုပ်စုဟာ ခက်လန်းကျေးရွာရှိ ဘုန်းကြီးကျောင်းအတွင်းမှာတပ်စွဲနေထိုင်နေတယ်လို့လည်း သိရပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#နွားထိုးကြီး #စစ်တပ် #စစ်ဆေးရေး #ဒရုန်း #တိုက်ခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10