ဂူအောင်းနေတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရလို့ ၃ ဦး သေဆုံး

ဂူအောင်းနေတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရလို့ ၃ ဦး သေဆုံး

မကွေးတိုင်း၊ ထီးလင်းနဲ့ ပေါက်မြို့နယ်ကြားက လှိုင်ဂူတခုမှာ ၂ ရက်ကြာ ဝင်အောင်းနေကြတဲ့ စစ်ကောင်စီတပ်သားတွေကို  ဇွန် ၁၂ ရက်က PDF တွေ ဝင်တိုက်တာကြောင့် ၃ ဦး သေဆုံးခဲ့တယ်လို့ တောင်ညိုနဂါး PDF အဖွဲ့က ပြောပါတယ်။

 

ဇွန် ၁၀ ရက်က  အင်အား ၆၀ ကျော်ပါတဲ့ စစ်ကြောင်းဟာ ထီးလင်းမြို့နယ်၊ ကျင်းကျေးရွာကို မီးရှို့ပြီး ပြန်ထွက်အလာကို တောင်ညိုနဂါးအဖွဲ့က တိုက်ခိုက်ဖို့ စောင့်နေခိုက် ၂ ရက်ကြာတဲ့အထိ ပေါ်မလာတာကြောင့် လိုက်လံရှာဖွေခဲ့ရာ အဲ့ဒီဂူထဲမှာ ရှိနေတာကို သိခဲ့ရတာလို့ တောင်ညိုနဂါး PDF အဖွဲ့ရဲ့ တပ်ရင်းမှူး ကိုညီက ဆိုပါတယ်။

 

“လှိုင်ဂူက လူ ၅၀ လောက်ဆံ့တယ်။ အဲ့ထဲမှာ နေကြတာတွေ့တော့ ကျနော်တို့လည်း လက်နက်ကြီးနဲ့ ပစ်တဲ့သူက ပစ်၊ လက်နက်ငယ်နဲ့ ပစ်တဲ့သူက ပစ်လိုက်တာ။ အဲ့နားမှာခိုနေမှန်း လူသိသွားတော့ နောက်နေ့မနက်မှာပဲ ကားလေးစီးနဲ့ ပြန်ခေါ်သွားကြတယ်။” လို့ သူက ပြောပါတယ်။ 

 

ဂူအောင်းနေတုန်း တိုက်ခိုက်ခံလိုက်ရတဲ့ စစ်ကောင်စီတပ်သွားတွေကို  ဇွန် ၁၃ ရက် မနက်ပိုင်းမှာ ပေါက်မြို့နယ် ကပစ ၂၄ ကနေ စစ်ကား ၄ စီးနဲ့ လာခေါ်သွားရာ စောင်ဖြူနဲ့ပတ်ပြီး အလောင်း ၃ လောင်းပါသွားတာကို အတွင်း သတင်းအရ သိရတာလို့ တပ်ရင်းမှူးကိုညီက ဆိုပါတယ်။  

 

ပုံစာ - တောင်ညိုနဂါး PDF အဖွဲ့ဝင်များ (ပုံဟောင်း)

 

စာတည်း - ဟယ်ရီ

 

#မြေလတ်အသံ

#ထီးလင်း #ပေါက် #ကျင်းရွာ #တောင်ညိုနဂါး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10