သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ရခိုင်ရိုးမပေါ်က ဂုတ်စည်းရိုးကျေးရွာနားမှာ စစ်ကောင်စီဘက်က ဒုအရာခံဗိုလ်အပါအဝင် ၁၁ဦးကို ဖမ်းမိရမိခဲ့ပြီး သေနက် ၉ လက်လည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ Chin Defence Force-Asho တပ်ဖွဲ့တာဝန်ရှိသူဆီက သိရပါတယ်။
ဇန်နဝါရီ ၃ ရက်နဲ့ ၄ ရက်မှာ ပိတ်ဆို့ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲမှာ ဒုအရာခံဗိုလ် ၁ ဦး၊ တပ်ကြပ် ၂ ဦး၊ ဒုတပ်ကြပ် ၁ ဦး၊ စစ်သား ၂ ဦးနဲ့ ပြည်သူ့စစ် ၅ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
“ကျနော်တို့ဘက်ကနေပြီးတော့ ကြိုတင်နေရာယူ တားဆီးနိုင်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ကို ပြန်လည်ပစ်ခတ်တာမျိုး၊ အပြန်အလှန်ပစ်ခတ်မှု၊ ကျနော်တို့ဘက်က ကျည်ထွက်တာမျိုး ဒီလိုမျိုးတော့ မရှိခဲ့ပါဘူး။ လက်နက်တော့ အသာတကြည်ပဲ ချကြပါတယ်။”လို့ CDF-Asho တပ်ဖွဲ့ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးဟာ အမ်းမြို့၊ ဆင်ခုံတိုင်ကျေးရွာနဲ့ တောင်ဇောက်ကျေးရွာနားမှာရှိတဲ့ စစ်ကောင်စီတပ် စခန်းငယ်တွေကနေ ထွက်ပြေးလာသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ စစ်ကောင်စီတပ်သားတွေဆီကနေ သေနတ် ၉ လက်၊ ကျည်ဘောက် ၂၀ ကျော်၊ ကျည်တချို့၊ လက်ပစ်ဗုံး၊ စကားပြောစက်နဲ့ ခဲယမ်းဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်ကလည်း အမ်းမြို့ နပခတိုက်ပွဲကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပိတ်ဆို့တားဆီးချိန် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦး၊ လက်နက် ၃၄ လက်နဲ့ ခဲယမ်းတွေသိမ်းဆည်းနိုင်ခဲ့သေးတယ်လို့ သိရပါတယ်။
#မြေလတ်အသံ
#မကွေး #ငဖဲ #စစ်ကောင်စီတပ်ဖွဲ့ဝင် #ဖမ်းဆီးရရှိ #လက်နက်ခဲယမ်း
Share Share Share