သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပုသိမ်-မုံရွာလမ်းအတိုင်း တက်လာတဲ့ စစ်ကောင်စီကား ၆စီးဟာ မကွေးတိုင်း ငဖဲမြို့နယ် ပဒါန်းကျေးရွာအရောက်မှာ လမ်းဘေးတလျှောက်လူနေအိမ်တွေကို ကားပေါ်က ရမ်းသမ်းပစ်ခတ်သွားလို့ ပြည်သူ ၃ဦး သေနတ်ထိမှန်ပြီး ဆေးကုသနေရပါတယ်။
မင်းဘူးမြို့နယ် ပန်းတောင်းကျေးရွာဘက်ကနေ ရခိုင်ပြည်နယ် အမ်းဘက်ကို သွားတဲ့ အဲ့ဒီစစ်ကောင်စီ ကားတွေဟာ မတ်လ ၂၈ရက် က ပဒါန်းကျေးရွာကို ဖြတ်သွားချိန် ကားမောင်းနေရင်းပဲ ပစ်ခတ်သွားခဲ့တာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
" အဲ့ဒီပစ်ခတ်မှုကြောင့် ငဖဲမြို့နယ် ကုန်းသာရွာက စျေးလာဝယ်တဲ့ ပြည်သူ အမျိုးသား ၂ဦးနဲ့ ပဒါန်းက အမျိုးသမီး ၁ဦး စုစုပေါင်း ၃ဦးမှာ အမျိုးသား ၂ဦးက ခြေသလုံး ကျည်ထိတယ် အမျိုးသမီးကတော့ ခြေဖနောင့်ထိပြီး မင်းဘူးဆေးရုံကို လွှဲလိုက်ပြီး ဆေးဝါးကုသနေရတယ်၊ ပဒါန်းမှာ ရှိမရှိမသိရဘူး " လို့ ဒေသခံတဦးက ပြောပါတယ်။
ပစ်ခတ်မှုကြောင့် လူ၃ဦး သေနတ်ထိမှန်တာအပြင် လမ်းဘေးတောက်လျှောက်က လူနေအိမ်တွေနဲ့ ဆိုင်တွေ ထိခိုက်ပျက်ဆီးတာတွေလည်း ရှိခဲ့ပါတယ်။
"ပဒါန်း နပခ( အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကြားစခန်း) နားတစ်ဝိုက်နဲ့ လမ်းဆုံမီးပွိုင့် ယာဉ်ထိန်းရုံးလည်းကိုမှန်တယ် ပြီးတော့ သဇင်တည်းခိုခန်းခြေရင်း အပျိူကြီးဈေးဆိုင် က မှန်ဘီရိုမှန်တယ်မှန်ကွဲတယ် ရေခဲသေတ္တာ မှန်တယ်" လို့ ပြောပါတယ်။
မင်းဘူးမြို့နယ် ပန်းတောင်းကျေးရွာနဲ့ ငဖဲမြို့နယ် ပဒါန်းကျေးရွာကြားထဲမှာ အဲ့ဒီစစ်ကောင်စီ ကား ၆စီး မိုင်းဆွဲခံရတယ်လို့ သတင်းရရှိထားပြီး အဲ့ဒီကိစ္စကြောင့် ပဒါန်းကျေးရွာကို ဖြတ်သွားချိန်မှာ ပစ်ခတ်သွားတာဖြစ်နိုင်တယ်လို့ အဲ့ဒီဒေသခံကပဲ ပြောပါတယ်။
#မြေလတ်အသံ
Share Share Share