ငမြားကြီးရဲစခန်း ဒရုန်းနဲ့ ဗုံးကြဲခံရလို့ ၆ ဦး‌ သေဆုံးဟု ဆို (ရုပ်/သံ)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငမြားကြီးရဲစခန်းကို ဇွန်လ ၂၄ ရက် မနက်ပိုင်းမှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၆ ဦး သေဆုံးပြီး ဒဏ်ရာပြင်းထန်သူတွေလည်း ရှိတယ်လို့ ကျောက်ဆည်ခရိုင် တပ်ရင်း ၁ (နဂါးနီတပ်ရင်း) အဖွဲ့ဆီက သိရပါတယ်။

ဒီနေ့ ဇွန်လ ၂၄ ရက် မနက်ပိုင်း ၈ နာရီလောက်က  စစ်သားနဲ့ရဲ အင်အား ၃၀ လောက်နဲ့ တပ်စွဲနေတဲ့ ငမြားကြီးရဲစခန်းကို ဒရုန်း ၃ စီးနဲ့ ဗုံး ၁၂ လုံးကြဲချခဲ့လို့ စစ်ကောင်စီဘက်က  ၆ ယောက် သေဆုံးပြီး အပြင်းအထန်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ နဂါးနီတပ်ရင်းမှ ဒုတပ်ရင်းမှူး ဆရာလေးက ပြောပါတယ်။ 

ဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်း ၇ (Zero ပြောက်ကျားတပ်ဖွဲ့)၊ ကျောက်ဆည်ခရိုင်တပ်ရင်း ၁(နဂါးနီတပ်ရင်း)၊ ရွေဘိုခရိုင်တပ်ရင်း ၁၅၊ ဆားတောင်မိုးကြိုး(Local PDF)နှင့် Danger Force (Local PDF) အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ရဲဘော်တွေဘက်က ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

 

တည်းဖြတ် - ငြိမ်းဇော်

 

#မြေလတ်အသံ

#ငါန်းဇွန် #ငမြားကြီးရဲစခန်း #ဗုံးကြဲခံရ #စစ်သား #ရဲ #နဂါးနီတပ်ရင်း #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10