ငါန်းဇွန်က ရွာတရွာမှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရလို့ ၅ဦးသေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းကို PDF က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးသူတွေရှိခဲ့တယ်လို့ ဇာမဏီပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

ဇန်နဝါရီ ၁၃ရက် နေ့လယ် ၁ နာရီခွဲမှာစပြီး ဒေသကာကွယ်ရေးအဖွဲ့တွေပေါင်းပြီး ငါန်းဇွန်မြို့နယ်ထဲဝင်လာတဲ့ စစ်ကြောင်း ရက္ခဒီပရွာမှာထမင်းစားနေနေချိန် တိုက်ခိုက်ခဲ့တာလို့ ဇာမဏီပြောက်ကျားတပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။

စစ်သားအင်အား ၉၀ ဦးလောက်နဲ့ ငါန်းဇွန်မြို့နယ်ထဲက ရေဆင်းရွာ၊ ကန်သာရွာ၊ ကန့်လန့်ရွာတွေကို ပတ်နေတဲ့ စစ်ကြောင်းဖြစ်သလို အဲ့ဒီနေ့လယ်က ရက္ခဒီပရွာမှာ ချက်ပြုတ်စားသောက်နေချိန် နာရီဝက်အကြာ ပစ်ခတ်မှုဖြစ်ခဲ့တာလို့ ပြောပါတယ်။

"ကျနော်တို့ ပစ်ခတ်ခဲ့တာက မီတာ ၅၀ အတွင်းမှာ ပစ်ခတ်ခဲ့တာ။ ပြည်သူတွေ သတင်းပေးတာတော့ ၅ ယောက်သေပြီး ၁၅ ယောက်ဒဏ်ရာရတယ်လို့ ပြောပါတယ်။" လို့ ဇာမဏီပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။

တိုက်ခိုက်ခံရအပြီးမှာ အဲ့ဒီစစ်ကြောင်းက တကြင်ရွာဘက်ကို စစ်ကြောင်းဆက်ထိုးသွားတယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုကို ဇာမဏီပြောက်ကျားတပ်ဖွဲ့ (ငါန်းဇွန်)၊ မန္တလေးခရိုင်အမှတ် ၅တပ်ရင်း၊ မြင်းခြံခရိုင်တပ်ရင်း ၆၊ ငါန်းဇွန်မြို့နယ်ပကဖ၊ ငါန်းဇွန်ပကဖ အဖွဲ့ဝင်တွေဖြစ်တဲ့ ရွှေဂျိုးဖြူပြောက်ကျားအဖွဲ့၊ 925 ပြောက်ကျားအဖွဲ့ ၊ TGYR ပြောက်ကျားအဖွဲ့၊ ဒေါင်းဖိုက်တာပြောက်ကျားအဖွဲ့ ၊ ပြည်တော်ဝင်ပြောက်ကျားအဖွဲ့၊ လက်ရုံးပြောက်ကျားအဖွဲ့၊ ငန်းနက်ပြောက်ကျားအဖွဲ့၊ အားမာန်သစ်ပြောက်ကျားအဖွဲ့ နဲ့ ဖက်ဒရယ်ညီအကိုပြောက်ကျားအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်ကလည်း မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြားကြီးရွာ စခန်းမှထွက်လာတဲ့ စစ်ကောင်စီကားတွေကို ဇာမဏီပြောက်ကျားတပ်ဖွဲ့က ကုန်းလည်ရွာနဲ့ နတ်ကြီးရွာအကြားမှာ မိုင်းဆွဲခဲ့သေးတယ်လို့ သိရပါတယ်။

တည်းဖြတ် - ဇို

#မြေလတ်အသံ

#သတင်း #ရုပ်သံ #ငါန်းဇွန် #စစ်တပ် #စစ်ကြောင်း #PDF #ဇာမဏီပြောက်ကျား #ကြားဖြတ်တိုက်ခိုက် #ထိခိုက်သေဆုံး #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10