ငါန်းဇွန်နယ်က စစ်ကောင်စီတပ်စခန်း ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခံရ

ငါန်းဇွန်နယ်က စစ်ကောင်စီတပ်စခန်း ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်က စစ်ကောင်စီတပ်စခန်းတခုကို စက်တင်ဘာ ၁ရက် မနေ့ နေ့လယ် ၂နာရီဝန်းကျင်အချိန်မှာ ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိခဲ့တယ်လို့ ငါန်းဇွန်ပကဖက ပြောပါတယ်။

ငါးဇွန်-မြင်းခြံသွား ကားလမ်းမဘေးရှိ သားကျင်ကျေးရွာဘုန်းကြီးကျောင်းမှာ အင်အား ၇၀ ကျော်နဲ့ ၁ လကျော်ကြာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ဒရုန်း ၁စီးနဲ့  ၂ ကြိမ်ခွဲပြီး ဗုံးသီး ၈ လုံးချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"ဗုံးသီးက ၈ လုံးစလုံး အောင်မြင်စွာချနိုင်ခဲ့တယ်။ စခန်းနေရာကိုချနိုင်ခဲ့တာ။ ကျနော်တို့ စုံစမ်းသိရှိရတာက အရာရှိ ၁ ကောင် ဒဏ်ရာရတယ်။ အဆင့်ဘယ်လောက်ရှိလည်းတော့ မသိရဘူး။ တပ်သား၂ကောင် သေတယ်"လို့ ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း ဒဏ်ရာရခဲ့တဲ့ အရာရှိနဲ့ သေဆုံးတပ်သား ၂ ဦးကို မနေ့ည ၁၂ နာရီအချိန်မှာ ငါန်းဇွန်းမြို့ပေါ်  ကားနဲ့သယ်သွားခဲ့တယ်လို့ အထက်ပါ တာဝန်ရှိသူကပြောပါတယ်။

စခန်းကို တိုက်ခိုက်နေချိန် စစ်ကောင်စီတပ်သားတွေက ၆၀ မမ ၄ လုံးနဲ့ ပြန်ပစ်ခတ်ခဲ့ပေမယ့် ကာကွယ်ရေးတပ်ဖွဲ့တွေ အထိအခိုက်မရှိခဲ့ဘူးလို့ ဆိုပါတယ်။

တိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ Black Eagle Force၊ Black Eagle Drone Force၊ ဒေါင်းဖိုက်တာ ပြောက်ကျားအဖွဲ့၊ TGYR ပြောက်ကျားအဖွဲ့၊ 925 ပြောက်ကျားအဖွဲ့၊ ဖက်ဒရယ်ညီအကို ပြောက်ကျားအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၉၊ ၁၀၊ ၁၁ ရက်တွေမှာလည်း စစ်ကောင်စီတပ်သား ၈၀ ကျော်တပ်စွဲနေတဲ့ ရေလည်သောင်ကျေးရွာက တပ်စခန်းကို ငါန်းဇွန်ပကဖနဲ့ မဟာမိတ်တပ်ဖွဲ့တွေက ဒရုန်း ၁ စီးနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ငါန်းဇွန် #စစ်တပ်စခန်း #ဒရုန်းဗုံးချ #တိုက်ခိုက်မှု #PDF #စစ်ကောင်စီတပ် #သေဆုံးမှု #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10