ငါန်းဇွန်မှာ စစ်ကောင်စီကား ၂ စီးမိုင်းဆွဲခံရလို့ သေဆုံးမှုရှိ

ငါန်းဇွန်မှာ စစ်ကောင်စီကား ၂ စီးမိုင်းဆွဲခံရလို့ သေဆုံးမှုရှိ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာမြို့ဘက်ကနေထွက်လာတဲ့ စစ်ကောင်စီကား ၂ စီးကို မင်းကြီးကြပ်ကျေးရွာနဲ့ ညောင်လေးပင်ကျေးရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဇာမဏီ ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

စုစုပေါင်း စစ်သားအင်အား ၃၀ ဝန်းကျင်လိုက်ပါလာတဲ့ ဖောကား ၁ စီးနဲ့ Light Truck ကား ၁ စီးကို ဇန်နဝါရီ ၂၅ ရက်ညနေ ၇ နာရီဝန်းကျင်မှာ ပဒေသာမိုင်း ၁၅ လုံး ဆွဲခဲ့တာလို့ ဆိုပါတယ်။

“မိုင်းဆွဲလိုက်တာမှာ ကား ၂ စီးလုံးဆွဲမိတာ။ ကျနော်တို့က ပဒေသာစဉ်ထားတာ အတန်းလိုက်ကြီး။ မိုင်းတပွိုင့်ကို ၁၀ ပေလောက်ပဲကွာတာ။ မိုင်း ၁၅ လုံးအတန်းလိုက်ထောင်ထားတာ။ Light Truck ကားကတော့ လမ်းဘေးထိုးကျသွားတာ။”လို့ ဇာမဏီ ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။

ဒီမိုင်းဆွဲတိုက်ခိုက်မှုကို ဇာမဏီပြောက်ကျားတပ်ဖွဲ့နဲ့ မန္တလေးခရိုင် အမှတ် ၅ တပ်ရင်းတို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ 

အဲ့ဒီနောက် တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်သားတွေဘက်က မိနစ် ၃၀ လောက် ဆဲဆိုကာ ပစ်ခတ်မှုတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

သေဆုံးအလောင်းတွေကို ငါန်းမြာဘက်မှာ သင်္ဂြိုဟ်ပြီး ဒဏ်ရာရသူတွေ ကိုတော့ ငါန်းမြာဆေးရုံကို ပို့ထားကြတယ်လို့ တပ်တွင်းသတင်းပေးရဲ့ ပြောပြချက်အရ သိရတယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။ 

ပုံစာ - မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် နေရာ။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #ငါန်းဇွန် #စစ်ကောင်စီ #တိုက်ခိုက် #မိုင်းဆွဲ #ပဒေသာမိုင်း #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10