ငါန်းဇွန်မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ၂ ဦး ရှင်းလင်းခံရ

ငါန်းဇွန်မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ၂ ဦး ရှင်းလင်းခံရ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ၂ ဦး မေလ ၂၄ ရက် ဒီမနက် ၇ နာရီက သေနတ်ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သန့်ဇင်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်း ၃၅ နှစ်နဲ့ ဇလှပ်မရွာ အုပ်ချုပ်ရေးမှူးတို့ကို သန့်ဇင်ကုန်းရွာနဲ့ ဇလှပ်မရွာကြားရှိ အရက်ဆိုင်မှာ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ TGYR – Youth Guerrilla Counter Revolution – LPDF မှ တိုက်ခိုက်ရေးခေါင်းဆောင်က ပြောပါတယ်။

"သူတို့ ၂ ယောက်ကို တယောက် ၃ ချက်စီနဲ့ ၆ ချက်ပစ်ပြီးရှင်းလင်းခဲ့တာ။ နေရာမှာတင် ပွဲချင်းပြီးတယ်။ ဒီအုပ်ကြီးတွေက အုပ်စုလိုက်ဖွဲ့ပြီး အရက်သောက်ကြတာများတယ်။ ဒီနေ့မှာတော့ ၂ ယောက်ပဲတွေ့ရတယ်။ ဒီ ၂ ကောင်က စကစ သတင်းပေးလုပ်တာရယ်၊ ရွာသားတွေကို ဖိနှိပ်ချုပ်ချယ် ဗိုလ်ကျနေကြတာဗျ။ ဒါကြောင့် ရှင်းလင်းခဲ့တာ"လို့ ဆိုပါတယ်။

အဲ့ဒီအုပ်ချုပ်ရေးမှူး ၂ ဦးမှာ စစ်ကောင်စီသတင်းပေးလုပ်နေတာ ၂ နှစ်ကျော်ကြာရှိပြီ ဖြစ်တာကြောင့် သူတို့ကို သေနတ်နဲ့ လက်ပစ်ဗုံးတွေ ပေးထားတယ်လို့ သိရပေမယ့် ခုရှင်းလင်းချိန်မှာတော့ အဆိုပါပစ္စည်းတွေ မတွေ့ခဲ့ရဘူးလို့ ပြောပါတယ်။

ဒီရှင်းလင်းမှုကို TGYR – Youth Guerrilla Counter Revolution(LPDF)၊ 925 - ပြောက်ကျားတပ်ဖွဲ့နဲ့ ဒေါင်းဖိုက်တာတပ်ဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်မှာလည်း ငါန်းဇွန်မြို့နယ်၊ ညောင်လေးပင်ရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးမင်းဆန်းကို TGYR-LPDFအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ပြီး သူ့ဆီက လက်ပစ်ဗုံးတလုံးကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း

#မြေလတ်အသံ
#မန္တလေး #ငါန်းဇွန် #စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး #ပစ်ခတ်ရှင်းလင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10