ငါန်းမြာကြီးရွာပြင်ကိုထွက်လာတဲ့ စစ်အုပ်စု စနိုက်ပါနဲ့ပစ်ခံရလို့  ၂ ဦးသေဆုံး

ငါန်းမြာကြီးရွာပြင်ကိုထွက်လာတဲ့ စစ်အုပ်စု စနိုက်ပါနဲ့ပစ်ခံရလို့  ၂ ဦးသေဆုံး

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာအရှေ့ဘက်ကို ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၃၀ ပါစစ်ကြောင်းကို စနိုက်ပါနဲ့ပစ်ခတ်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ Zero ပြောက်ကျားတပ်မဟာ၊ တပ်ရင်း ၇ မြင်းခြံခရိုင်တပ်ဖွဲ့ဆီက သိရပါတယ်။  

အောက်တိုဘာ ၂၇ ရက် ဒီမနက် ၈ နာရီကျော်မှာ ပစ်ခတ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း ပြန်လည်ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။ 

“**တွေ လယ်ကွင်းထဲ အရောက်မှာ ကျနော်တို့က စနိုက်ပါနဲ့ သေချာချိန်ရွယ်တိုင်းတာပြီး ပစ်ခတ်နိုင်ခဲ့တယ်။ ထွက်လာတဲ့ ၃၀ ထဲက ၂ ကောင်ကို ကျနော်တို့ ထိထိမိမိပစ်နိုင်ခဲ့တယ်။ ၂ ကောင်လုံး အရုပ်ကြိုးပြတ်လဲသွားပြီး ကျန်တဲ့ကောင်တွေက ဖရိုဖရဲဖြစ်သွားတယ်။ ဆွဲခေါ်သွားတာကိုတွေ့တယ်။” လို့ တပ်ရင်းမှူး ဗိုလ်သက်ကြီးက ပြောပါတယ်။  

အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာ မြင်းခြံမြို့ ခမရ ၁၅ က စစ်သားတွေနဲ့ မြို့သာ၊ ငါန်းဇွန်၊ ဆုံရွာက ပျူစောထီးတွေပါဝင်တဲ့ စစ်ကြောင်းဖြစ်တယ်လို့ သိရပါတယ်။ 

ငါန်းမြာကြီးကျေးရွာထဲမှာ စစ်ကောင်စီတပ်သားတွေက အင်အား ၁၀၀ ဝန်ကျင်နဲ့ လွန်ခဲ့တဲ့ ၁ လဝန်းကျင်ကတည်းက တပ်စွဲနေခဲ့ကာ အောက်တိုဘာ ၂၄ ရက် ညနေပိုင်းမှာ ဒေသခံကာကွယ်ရေး တပ်တွေက ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခဲ့ပါသေးတယ်လို့ Salingyi Border Task Force -SBTF အဖွဲ့ ပြန်ကြားတာဝန်ခံ ကိုဘိုဘိုက ပြောပါတယ်။

အဲ့လိုတိုက်ခိုက်ပြီးနောက် အဆိုပါစစ်ကောင်စီတပ်သားတွေထဲက ၃၀ ဦးဟာ ငါန်းမြာကြီးရွာအနီးက ကျေးရွာတွေကို စစ်ကြောင်းထိုးဖို့ထွက်လာချိန် ဒီမနက်ပိုင်းမှာ ခုလိုပစ်ခတ်ခံရတာလည်း ဖြစ်ပါတယ်။ 

ဒီပစ်ခတ်မှုကို Zero ပြောက်ကျားတပ်မဟာ၊ တပ်ရင်း ၇ မြင်းခြံခရိုင် လက်ဖြောင့်စနိုက်ပါ ၂ ဦးက လုပ်ဆောင်ခဲ့တာဖြစ်ပြီး မြင်းခြံခရိုင် တပ်ရင်း ၆ က အကူအနေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ငါန်းမြာကြီးရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက သြဂုတ် ၁၉ ရက်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ်ကြီးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၅ ဦးနဲ့ အမျိုးသမီး ၂ ဦးတို့ကို ဖမ်းဆီးရမိခဲ့သလို သေနတ် ၁၀ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့ပါတယ်။ 

အဲ့ဒီနောက် အောက်တိုဘာလ ၁၀ ရက်ကစပြီး အဲ့ဒီရဲစခန်းကိုပြန်သိမ်းဖို့ စစ်ကောင်စီဘက်က လေကြောင်းရော ခြေလျင်စစ်ကြောင်းနဲ့ပါ ထိုးစစ်ဆင်ခဲ့ပြီး အောက်တိုဘာလ ၂၀ ရက် မနက်မှာတော့ စစ်ကောင်စီတပ်သားတွေဟာ စစ်ကြောင်း ၃ ကြောင်းနဲ့ကင်းပုန်းဝပ်ပြီး ငါန်းမြာကြီးရွာထဲကို ပြန်လည်ဝင်ရောက်သွားခဲ့တာလို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေဆီက သိရပါတယ်။ 

ပုံစာ - ငါန်းမြာကြီးရွာကထွက်လာသည့် စစ်ကောင်စီအဖွဲ့ကို စနိုက်ပါနှင့်ပစ်ခတ်နေသည့် ကာကွယ်ရေးရဲဘော်တဦး။ 

 စာတည်း - လင်း 

#မြေလတ်အသံ

#ငါန်းမြာကြီး #စစ်ကောင်စီ #တိုက်ခိုက် #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10