ငါန်းမြှားရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ၁ ဦးသေ ၃ ဦးဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြှားရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ၁ ဦးသေ ၃ ဦးဒဏ်ရာရတယ်လို့ Myingyan District Drone Strike အဖွဲ့ထံက သိရပါတယ်။

ဩဂုတ် ၁၇ ရက် မနက် ၇ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ရဲအင်အား ၂၀ ကျော်ရှိနေတဲ့ ငါန်းမြှားရဲစခန်းကို ဝေဟင်ကနေ ဒရုန်းနဲ့ဗုံးသီး ၂ လုံးချခဲ့တယ်လို့ ဆိုပါတယ်။

မြင်းခြံမြို့နယ်၊ အလယ်သောင်ကျေးရွာမှာ စစ်ကောင်စီအင်အား ၁၀၀ ကျော်လောက်က ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်နေတဲ့ သတင်းအရ စစ်ကောင်စီတပ်တွေ အာရုံပြောင်းစေဖို့ ငါန်းမြှားရဲစခန်းကို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တာလို့ Myingyan District Drone Strike တာဝန်ခံက ပြောပါတယ်။

ဗုံးချတိုက်ခိုက်မှုမှာ ရဲ ၁ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားကာ ညပိုင်းမှာ စစ်ကား ၃ စီး၊ နာရေးကား ၁ စီးနဲ့  ထိခိုက်သေဆုံးသူတွေကို သယ်သွားတယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကိုတော့ Myingyan District Drone Strike၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team 2၊ 27Revolution Forces(မြင်းခြံခရိုင်အမှတ်၁တပ်ရင်း)၊ မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း တပ်ခွဲ၂၊ မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း ၊ မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း NPDF၊ မိတ္ထီလာခရိုင်ဒရုန်းတပ်ဖွဲ့၊ ညောင်ဦးခရိုင်ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မြင်းခြံခရိုင် #ငါန်းမြှာရဲစခန်း #ဒရုန်းနဲ့တိုက်ခိုက် #စစ်သား #PDF #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10