ငါ့သရောက်လျှပ်စစ်ရုံးကို PDF တွေဝင်စီးပြီး ဂိတ်စောင့်ရဲဆီက ပစ္စည်းတွေသိမ်းယူခဲ့

ငါ့သရောက်လျှပ်စစ်ရုံးကို PDF တွေဝင်စီးပြီး ဂိတ်စောင့်ရဲဆီက ပစ္စည်းတွေသိမ်းယူခဲ့

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ငါ့သရောက်ပေါ်ရှိ မြို့နယ်လျှပ်စစ်မီတာရုံးကို ဒီဇင်ဘာလ ၂၃ ရက်မနေ့ကညပိုင်းမှာ ဒေသခံကာကွယ်ရေးတပ်တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။ 

ငါ့သရောက်ရဲစခန်းက ဂိတ်စောင့် ရဲ ၁ ဦးနဲ့ ရုံးဝန်ထမ်း ၉ ဦး လျှပ်စစ်ရုံးထဲမှာရှိနေချိန် ည ၆ နာရီခွဲမှာ ဝင်ရောင်စီးနင်းတိုက်ခိုက်ခဲ့ပြီး ဂိတ်စောင့်ရဲတဦးဆီက အူစီ ၁ လက်နဲ့ တခြားပစ္စည်းတွေ သိမ်းဆည်းခဲ့တယ်လို့ နဂါးနီပြောက်ကျားတပ်တာဝန်ခံ ဗိုလ်ထူးက ပြောပါတယ်။

“ငါ့သရောက်တပ်ရင်း ၅ က ဦးဆောင်ပြီးခေါ်တာ။ ဂိတ်တဲနဲ့ အစောင့်ရှိတယ်။ တပ်က မဟုတ်ဘူး။ ငါ့သရောက်စခန်းက ရဲတွေပါ။ ဝင်စီးတာမှာ ပစ်ခတ်မှုတော့ မဖြစ်ခဲ့ဘူး။ ကျနော်တို့အနေနဲ့ ပစ်ခတ်လို့မရဘူး။ လျှပ်စစ်ရုံးနဲ့စခန်းနဲ့က သိပ်မကွာဘူး။ ရဲစောင့် ၁ ကောင်ပဲ ကျန်ခဲ့တာ။ သိပ်လည်း ကျန်းမာရေးကောင်းပုံမရဘူး” လို့ ပြောပါတယ်။ 

ဝန်ထမ်းတွေကိုတော့ ဘာမှထိခိုက်အောင် မလုပ်ခဲ့ဘဲ ဂိတ်စောင့်ရဲဆီကနေ အူစီ ၁ လက်၊ အူစီကျည် အိုင်ကွန် ၂ လုံး၊ ဖုန်း ၆ လုံးနဲ့ Laptop ၁ လုံး သိမ်းဆည်းခဲ့တယ်လို့လည်း ဆိုပါတယ်။

“အဲဒီရုံးထဲမှာ ဝန်ထမ်းတွေလည်း ရှိတယ်။ အဲဒီဝန်ထမ်းတွေကလည်း သူတို့မိသားစုတွေကြောင့် ရုံးတက်နေရတယ်လို့ သိရတယ်။ ကျနော်တို့ သတ်ဖြတ်မှုတွေ မလုပ်ခဲ့ဘူး” လို့ ပြောပါတယ်။ 

ဒီတိုက်ခိုက်မှုကို ညောင်ဦးခရိုင်တပ်ရင်း (၅) ၊ နဂါးနီပြောက်ကျားတပ်၊ Y.L.K-ပျောက်ကျားတပ်ဖွဲ့ တို့က ပူးပေါင်းစီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၂ ရက်ကလည်း ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်း ပျူရွာကို နဂါးနီပြောက်ကျားတပ်က သွားရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ ဦး သေဆုံးခဲ့ပါသေးတယ်။ 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10