ငါးဇွန်က ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

ငါးဇွန်က ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ ကျေးရွာတွေကို ဝင်ရောက်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်သားတွေကို စက်တင်ဘာ ၇ ရက်နေ့လယ် ၁ နာရီကျော်မှာ ဒရုန်းနဲ့  ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၂ ဦး ဒဏ်ရာ ပြင်းထန်ရရှိခဲ့တယ်လို့ ငါန်းဇွန်မြို့နယ်ပကဖက ပြောပါတယ်။

အင်အင်း ၇၀ ခန့်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ သားကျင်ကျေးရွာစခန်းကနေ ဘေးဆောင်ကျေးရွာထဲ စစ်ကြောင်းထိုးလာချိန်မှာ ဒရုန်း ၁ စီးနဲ့ ဗုံးသီး ၁ လုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 

အဲ့ဒီနောက်မှာ စစ်ကောင်စီစစ်ကြောင်းဟာ အင်အား ၃၀ ခန့်က ဘေးဆောင်ကျေးရွာမှာ ကျန်ခဲ့ပြီး အင်အား ၄၀ ခန့်နဲ့ နောက်ထပ် စစ်ကြောင်းတခုခွဲပြီး ညောင်လေးပင်ကျေးရွာကို ထပ်မံစစ်ကြောင်းထိုးရာမှာ PDF တပ်ဖွဲ့က ဗုံးသီး ၃ လုံးနဲ့ ထပ်မံကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

" ၂ ကောင် ပြင်းထန်ဒဏ်ရာရတယ်လို့ သိရတယ်" လို့ ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူ တဦးက ပြောပါတယ်။

တိုက်ခိုက်နေချိန်အတွင်း စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် ဘေးဆောင်ရွာနဲ့ ညောင်လေးပင်ကျေးရွာက ဒေသခံတွေဟာ ရွာလုံးကျွတ်ထွက်ပြေးခဲ့ကြရတယ်လို့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

 

ကျေးရွာတွေကို စစ်ကြောင်းလိုက်ထိုးနေတဲ့ အဲ့ဒီစစ်ကြောင်းဟာ အခုလို တိုက်ခိုက်ခံရတာကြောင့် စက်တင်ဘာ ၈ ရက် ဒီနေ့မနက်မှာ ညောင်လေးပင်ကျေးရွာကနေ သားကျင်ကျေးရွာအထိုင်ချစခန်းကို ပြန်လည်ဝင်ရောက်သွားခဲ့တယ်လို့ သိရပါတယ်။ 

ဒီတိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ငါန်းဇွန် ပကဖ )၊ T.G.R people defence force မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ T.G.R Women Drone Force၊ Black Eagle Defence Force - MMU၊ Black Eagle Drone force ၊ ကျောက်ဆည်ခရိုင် တပ်ရင်း ၂၊ ငန်းနက်ပြောက်ကျားအဖွဲ့၊ TGYR ပြောက်ကျားအဖွဲ့၊ ဒေါင်းဖိုက်တာပြောက်ကျားအဖွဲ့၊ ပြည်တော်ဝင်ပြောက်ကျားအဖွဲ့၊ 925 ပြောက်ကျားအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်ကလည်း စစ်ကောင်စီတပ်သား အင်အား ၁၀၀ ခန့်နဲ့ သားကျင်ရွာမှာ အထိုင်ချတပ်စွဲနေတဲ့ စခန်းကို ငါန်းဇွန်ပကဖအပါအဝင် ကာကွယ်ရေးတပ်ဖွဲ့  ၇ ဖွဲ့က ဒရုန်း ၁ စီးနဲ့  ၂ ကြိမ်ခွဲကာ ဗုံးသီး ၈ လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #ငါန်းဇွန်မြို့နယ် #စစ်ကောင်စီ #သားကျင် #ဘေးဆောင်ရွာ #ညောင်လေးပင်  #ဒရုန်း #ဗုံးကြဲ #တိုက်ခိုက် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10