ငါးပတ်ချောင်းရွာကို ဒုတိယအကြိမ် စစ်ကြောင်းထိုးမီးရှို့လို့ အိမ်ခြေ ၇၀ မီးလောင်ပြာကျ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ငါးပတ်ချောင်းကျေးရွာကို စစ်ကောင်စီက ဒုတိယအကြိမ် ဝင်ရောက်ကာ မီးရှို့ဖျက်စီးခဲ့လို့ အိမ်ခြေ ၇၀ မီးလောင်ပြာကျခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဩဂုတ် ၁၃ရက် မနေ့ နေ့လယ် ၂နာရီခွဲကနေ ညနေ ၅ နာရီဝန်းကျင်ထိ မီးရှို့ခံခဲ့ရတာဖြစ်ပြီး စစ်ကြောင်းက ရုတ်တရက်ဝင်လာတဲ့အတွက် ပြည်သူအများစုက ပစ္စည်းယူဆောင်ချိန် မရလိုက်ဘဲ ဘေးလွတ်ရာ ထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။

“ဆုံးရှုံးတဲ့ပစ္စည်းက ထုတ်ချိန်တောင် မရလိုက်ဘူး။ လူလွတ်ပြေးဖို့ကို တော်တော်လုပ်ယူရတယ်။ ခုက အလုံးအရင်းနဲ့ တအားပစ်ဝင်တာ။ ခုအိမ် ၇၀ ကတော့ အကုန်ကိုကုန်တာ။ ဘာတခုမှကို မကျန်တော့တာ။ ”လို့ ငါးပတ်ချောင်း ပကဖ ဒုတာဝန်ခံ ကိုမင်းက ပြောပါတယ်။

အခုလက်ရှိ မီးရှို့ဖျက်ဆီးခံရတာကဟာ ဒုတိယအကြိမ်ဖြစ်ကာ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်ကလည်း ပထမအကြိမ် မီးရှို့ခံရလို့ အိမ်ခြေ ၁၂၀ကျော် မီးလောင်ပြာကျထားတဲ့ရွာ ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ဝက်လက် #ငါးပတ်ချောင်းရွာ #စစ်ကောင်စီမီးရှို့ #အိမ်ခြေ၇၀ #မီးလောင်ပြာကျ #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10