ငါးမျှားတံ လိုက်ဆယ်ရာက ကြွက်တက်ပြီးရေနစ်လို့ အမျိုးသား ၁ ဦးသေဆုံး

ငါးမျှားတံ လိုက်ဆယ်ရာက ကြွက်တက်ပြီးရေနစ်လို့ အမျိုးသား ၁ ဦးသေဆုံး

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့၊ အမှတ် ၁၁ ရပ်ကွက်၊ မြို့အထွက် တောင်တွင်း-နတ်မောက်လမ်း ဆင်ဖြူချက်ကန်အတွင်းမှာ ငါးမျှားတံ လိုက်ဆယ်ရာကနေ ကြွက်တက်ပြီးရေနစ်ရာမှ အမျိုးသား ၁ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

 

မေလ ၃ ရက်ညနေ ၅ နာရီခွဲကျော်ခန့်မှာ ညောင်ဇင်ကျေးရွာနေ အသက် ၅၃ နှစ်အရွယ် အမျိုးသား တဦးဟာ ငါးမျှားတံဆယ်ဖို့ ကန်အတွင်းဆင်းရာမှ ရေနစ်သေဆုံးခဲ့တာလို့ ဒေသခံတဦး ပြောပါတယ်။

"သူက ငါးမျှားနေရာကနေ သူငါးမျှားတံကို ငါးက ဆွဲသွားတာ။ အဲ့ဒါကို လိုက်ဆယ်ချိန် ကန်လယ်လောက်ရောက်တော့ ကြွက်တက်ပြီး ရေနစ်သေတာ။ ကန်ကလည်း ဘက်ဟိုးတွေနဲ့ တူးထားတာဆိုတော့ ဝါးနှစ်ပြန်လောက်နက်တယ်။ သူက တယောက်တည်းနေတာလို့တော့ သိရတယ်" လို့ ပြောပါတယ်။

ဒေသလူမှုကူညီရေးအသင်းတွေက ဝိုင်းရှာခဲ့ရပြီး နာရီဝက်အကြာမှ အလောင်းကို ပြန်တွေ့ခဲ့ကာ မြို့သစ်မြို့ဆေးရုံကို ပို့ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီနောက် လိုအပ်တဲ့စစ်ဆေးမှုတွေပြုလုပ်ပြီး သေဆုံးသူနေထိုင်တဲ့ ညောင်ဇင်ကျေးရွာကို ပြန်ပို့ပေးခဲ့ရတယ်လို့ သိရပါတယ်။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10