ငြိမ်းချမ်းစွာ ဆန္ဒပြပွဲမှာပါဝင်သူ ၉ ဦး ထောင်ဒဏ်၂ နှစ်စီ ချခံရ

ငြိမ်းချမ်းစွာ ဆန္ဒပြပွဲမှာပါဝင်သူ ၉ ဦး ထောင်ဒဏ်၂ နှစ်စီ ချခံရ

ပဲခူးတိုင်းအနောက်ခြမ်း ပေါင်းတည်အကျဥ်းထောင်မှာ ပုဒ်မ၅၀၅ က နဲ့ အကျဥ်းချခံထားရသူ ၉ ဦးကို ဒီနေ့မနက်မှာ အကျဥ်းထောင်တရားရုံးကနေ ထောင်ဒဏ်၂နှစ်စီ ချမှတ်ခဲ့တယ်လို့ မိသားစုဝင်တဦးကပြောပါတယ်။

သူတို့တွေဟာပြီးခဲ့တဲ့ မတ်လ ၂၇ရက် တော်လှန်ရေးနေ့က ပေါင်းတည်မြို့မှာငြိမ်းချမ်းစွာဆန္ဒပြနေတုန်း စစ်ကောင်စီက ပစ်ခတ်ဖြိုခွင်းလို့ ဖမ်းစိီးခံခဲ့ရသူတွေ ဖြစ်ပါတယ်။

"အခုမနက်ပဲ ထောင်တရားရုံးကနေ ပုဒ်မ ၅၀၅ နဲ့ တရားစွဲခံရသူ ၉ဦးကို ထောင်ဒဏ် ၂ နှစ်စီ ချမှတ်လိုက်တယ်၊ အားလုံးက အုန်းနဲစမ်းရွာကပါ၊ အဲ့အထဲမှာမှ ထက်ကိုကိုလင်းဆိုတဲ့ တယောက်ကကျ ပုဒ်မ ၃၀၇နဲ့ ကပ်ခံရပြီး ၃၀၇အတွက်က ထောင်တနှစ်ချလိုက်တော့ သူက သုံးနှစ်ဖြစ်သွားတယ်" လို့ လိုက်ပါအကျိုးဆောင်ပေးနေသူတဦးက ပြောပါတယ်။
  
သူတို့အားလုံးဟာတရွာတည်းသားတွေဖြစ်ပြီး ချုပ်နှောင်ခံနေရတာ ၉ လရှိပြီဖြစ်ကြောင်း သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10