ငြိမ်းဇာနည်စခန်းကို သိမ်းပိုက်ခါနီးအထိ တိုက်ခိုက်ပစ်ခတ်မှုအတွင်း ရဲ ၄ ဦးသေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့ရှိ စစ်ကောင်စီတပ်သားတွေ တပ်စွဲနေတဲ့နေရာ ၂ ခုကို ဇန်နဝါရီ ၁၇ ရက် မနေ့က တရက်တည်းမှာ ဒေသခံကာကွယ်ရေးတပ်တွေက တပြိုင်နက်ထဲ တိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger (MBT) အဖွဲ့ဆီက သိရပါတယ်။

ရေစကြိုမြို့ပေါ်ရှိ အင်အား ၁၀၀ ဝန်းကျင်နဲ့တပ်စွဲနေတဲ့ ထွေအုပ်ရုံးနဲ့ ငြိမ်းဇာနည်စစ်မှုထမ်းဟောင်းရုံးတို့ကို မနေ့ကမနက်ပိုင်း ၆ နာရီ ၁၀ မိနစ်ကနေ စပြီးတိုက်ခိုက်ခဲ့ကြတာလို့ Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

ငြိမ်းဇာနည်စခန်းကို သိမ်းနိုင်တော့မယ့်အနေအထားထိ ပစ်ခတ်တိုက်ခိုက်နိုင်ပြီး အဆောက်အဦများ ပျက်စီးကုန်ကာ စစ်ကူလာရောက်ခဲ့လို့ မသိမ်းနိုင်ခဲ့တာလို့ သူကဆက်ပြောပါတယ်။ ငြိမ်းဇာနည်းစခန်းမှာ ယခင်က တပ်သား ၇ ဦးခန့်သာ တပ်စွဲထားရာက တိုက်ခိုက်မယ့်သတင်းပေါက်ကြားမှုကြောင့် အင်အားထပ်မံဖြည့်တင်းထားသလို လက်နက်တွေလည်း တပ်ဆင်ထားတာလို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Myingyan Black Tiger(MBT)၊ LY- PDF၊ ဗိုလ်ခြောက်ဆယ်၊ Bright Stars Group (LPDF)၊ Royal Eagle People Defence Force၊ ဗိုလ်ခြောက်ဆယ် ပြောက်ကျားတပ်၊ N-YSO၊ ရွှေညာမြေ အထူးကွန်မန်ဒိုတပ်ဖွဲ့၊ TPGပြောက်ကျားတပ်ဖွဲ့ နဲ့ သွေးသောက်တပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာပါ။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ရေစကြို #ထွေအုပ်ရုံး #ငြိမ်းဇာနည်စစ်မှုထမ်းဟောင်းရုံး #တိုက်ခိုက်ခံရ #စစ်အုပ်စု #ထိခိုက် #PDF #မြေလတ်ရုပ်သံ #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10