ငှက်ဖျားဆေးနဲ့ ပညာရေးပစ္စည်းတွေ လိုအပ်နေတဲ့ ကိုယ်ထူကိုယ်ထ စစ်ရှောင်စာသင်ကျောင်း (ရုပ်/သံ)

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်ထဲမှာ ဖွင့်လှစ်ထားတဲ့ ကိုယ်ထူကိုယ်ထ စစ်ဘေးရှောင် စာသင်ကျောင်းမှာ ပညာရေးအထောက်ကူပြု ပစ္စည်းတွေနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

စစ်ကောင်စီစစ်ကြောင်းကို တိမ်းရှောင်နေရတဲ့အတွက် အဲ့ဒီကျောင်းလေးကို ပြီးခဲ့တဲ့ ဧပြီလ နောက်ဆုံးပတ်ကမှ ဖွင့်နိုင်ခဲ့တာဖြစ်ပြီး KG ကနေ Grade 7ထိ သင်ကြားပေးနေကာ ကျောင်းသား ၅၀ ဝန်းကျင်ကို ဆရာမ ၃ယောက်နဲ့ သင်ကြားပေးနေတာဖြစ်တယ်လို့ကျောင်းတည်ထောင်သူတဦးက ပြောပါတယ်။

အခုလက်ရှိ စာသင်ကျောင်းမှာ ဖတ်စာအုပ်၊ ရေးစာအုပ်၊ ခဲတံ၊ ပညာရေး သင်ထောက်ကူ ပစ္စည်းတွေနဲ့ မိုးလုံလေလုံကျောင်း ဆောက်လုပ်ဖို့ ကျောင်းဆောင်တွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် အခုလက်ရှိ ကလေးအများစု ဖျားနာနေကြပြီး ရာသီတုပ်ကွေးနဲ့ ငှက်ဖျားရောဂါ စတင်ဖြစ်ပွားနေသူတွေလည်းရှိကာ ဆေးဝါး အလုံလောက်မရှိသလို အဲ့ဒီဒေသမှာ ဌက်ဖျားဆေးက လုံးဝ ဝယ်လို့မရတဲ့အတွက် ရောဂါကုသဖို့ အခက်ခဲတွေဖြစ်နေတယ်လို့ သိရပါတယ်။

စာတည်း-နွေဦးငြိမ်းချမ်း၊တည်းဖြတ်-HP

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10