စကားများရာမှ အမျိုးသားက လည်ပင်းညှစ်သတ်လို့ အမျိုးသမီး သေဆုံး

စကားများရာမှ အမျိုးသားက လည်ပင်းညှစ်သတ်လို့ အမျိုးသမီး သေဆုံး

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ရန်မျိုးနိုင် ၆ လမ်းမှာ လူမှုရေးကိစ္စ စကားများရာမှာ အမျိုးသားက လည်ပင်းညှစ်သတ်လို့ အမျိုးသမီးဖြစ်သူ သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စက်တင်ဘာ ၂၅ ရက် ညနေ ၃ နာရီခန့်မှာ တအိမ်တည်းအတူနေ မယွန်းမီမီကျော် ၂၁ နှစ်နဲ့ ကိုရာဇဟိန်းထက် ၂၃ နှစ်တို့ဟာ လူမှုရေးကိစ္စ စကားများရာကနေ ရန်ဖြစ်ကြတယ်လို့ ဆိုပါတယ်။

"ရန်ဖြစ်ကြတော့ ကောင်လေးက ကောင်မလေး လည်ပင်းကိုညှစ်တာ လေပြွတ်ပိတ်ပြီး သေဆုံးသွားတယ်" လို့ ဒေသခံတဦးကပြောပါတယ်။

သေဆုံးသွားသူ အမျိုးသမီးဟာ အောင်လံဒေသခံဖြစ်ပြီး အွန်လိုင်းမှ ဈေးရောင်းဝယ်တဲ့လုပ်ငန်း လုပ်ကိုင်ကာ အမျိုးသားဖြစ်သူကတော့ မင်းဘူးဒေသခံဖြစ်တယ်လို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ အမျိုးသမီးငယ်အလောင်းကိုတော့ မကွေးပြည်သူ့ဆေးရုံကို ပို့ဆောင်ထားရပြီး စစ်ဆေးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

အမျိုးသမီးသေဆုံးမှုနဲ့ပတ်သက်ပြီး အမျိုးသားဖြစ်သူကိုတော့ မကွေးမြို့ အမှတ် ၂ ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ #သတင်း

#မကွေးတိုင်း #မကွေးမြို့ #လူမှုရေးကိစ္စ #အမျိုးသား #အမျိုးသမီး #လည်ပင်းညှစ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10