စက်သုံးဆီတင်စစ်ကား ၂ စီး မိုင်းဆွဲခံရလို့ ဒုအရာခံဗိုလ်အပါ ၃ ဦးသေပြီး လက်နက်တွေရ (ရုပ်/သံ)

 

မကွေးတိုင်း၊ ဆိပ်ဖြူမြို့ပေါ်ကနေ ကပစ ၂၁ ကိုပို့မယ့် ပရီမီယမ်ဒီဇယ်ပေပါတွေ တင်လာတဲ့ကား ၂ စီးကို ဆိပ်ဖြူမြို့နယ်၊ သပြေကျေးရွာနဲ့ ရွာသာအေးရွာအကြားမှာ မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူခရိုင် တပ်ရင်း ၄ အဖွဲ့ဆီက သိရပါတယ်။

 

စစ်သား ၄ ဦးလိုက်ပါလာတဲ့ ပရီမီယမ်ဒီဇယ်ပေပါတွေတင်လာတဲ့ ကား ၂ စီးကို ဇန်နဝါရီ ၂၉ ရက်နေ့လယ် ၁ နာရီဝန်းကျင်မှာ မိုင်း ၉ လုံး ဆွဲခဲ့ပြီးပစ်ခတ်ရာ ကားပေါ်လိုက်ပါတဲ့ စစ်ကောင်စီ ဒုအရာခံဗိုလ်နဲ့ တပ်သား ၂ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရကာလက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရတယ်လို့  သိရပါတယ်။

 

"မိုင်း ၉ လုံးတွဲကို ၂ ပွိုင့်ခွဲ‌ထောင်ပြီးဆွဲတာ၊ ပစ်ခတ်ချိန်က အလွန်ဆုံးကြာမှ ၁၅ မိနစ်ပဲကြာခဲ့တယ်၊ မိုင်းဆွဲတာနဲ့ ပစ်ခတ်တာကော ကားက ချောက်ထဲကျသွားတယ်၊ခွေး ၃ ကောင်ကတော့ အလောင်းတွေရတယ်၊ ဒုအရာခံဗိုလ်အောင်ဆန်းဦးနဲ့ စစ်ခွေး ၂ ကောင်ပါ၊ ဒုအရာခံ ဗိုလ်အောင်ဆန်းဦးကတော့ အမှတ် ၁၂၁ ထောက်ပံ့နဲ့ ပို့ဆောင်ရေးတပ်ရင်းကပါ၊" လို့ ပခုက္ကူခရိုင် တပ်ရင်း ၄ တပ်ရင်းမှူး ဗိုလ် GZက ပြောပါတယ်။

 

မိုင်းဆွဲခံရတဲ့ကားပေါ်ကနေ ဆီစာရွက်စာတမ်း၊ ကိုယ်လုံဂါထာတော်၊ G3 ၁ လက်၊ MA 3 ၁ လက်နဲ့ MA 3 ကျည် ၂၀၀ တောင့်၊ G3 ကျည် ၁၀၀ တောင့် သိမ်းဆည်းရခဲ့တယ်လို့ ဆိုပါတယ်။

 

စစ်အုပ်စုဘက်က စစ်ကူရောက်လာတာကြောင့် ကားနဲ့ ဆီပေပါတွေ သယ်ချိန်မရခဲ့သလို အလောင်းတွေကို ဒီအတိုင်းထားခဲ့ကာ  ဆီပေပါတွေကို ပစ်ဖောက်ခဲ့ပြီး ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေ ပြန်ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။

 

ဒီမိုင်းဆွဲတိုက်ခိုက်မှုကို ပခုက္ကူခရိုင် တပ်ရင်း ၄၊ Yenathar Youth Force (YYF)(LPDF) နဲ့  ဆိပ်ဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် (CAF) ပကဖတို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာပါ။

 

 

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ဆိပ်ဖြူ #ကပစ ၂၁ #ဒီဇယ်ပေပါကား #မိုင်းဆွဲခံရ  #ဒုအရာခံဗိုလ် #ထိခိုက် #စစ်သား #PDF  #G3၁လက် # A 3၁လက် # MA3ကျည်၂၀၀တောင့် #G3 ကျည်၁၀၀ တောင့် #သိမ်းဆည်း #မြေလတ်သတင်း #မြေလတ်ရုပ်သံ

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10