စက်သုံးဆီတန်းစီတဲ့နေရာအနီး ယာဉ်တိုက်မှုဖြစ်လို့ ၂ ဦး သေဆုံး

စက်သုံးဆီတန်းစီတဲ့နေရာအနီး ယာဉ်တိုက်မှုဖြစ်လို့ ၂ ဦး သေဆုံး

စစ်ကိုင်းမြို့၊ သိမ်ကုန်းရပ်ကွက်ရှိ ဒေါ်လာစက်သုံးဆီအရောင်းဆိုင်အနီးမှာ လမ်းဖြတ်ကူးသူသက်ကြီးပိုင်းအမျိုးသမီးကို ဆိုင်ကယ်နဲ့ဝင်တိုက်မိရာက ၂ ဦးစလုံး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာလ ၁၁ ရက် မနေ့မနက် ၉ နာရီလောက်မှာ မန္တလေး-ရွှေဘိုလမ်းမဘေးရှိ ဒေါ်လာဆီဆိုင်ဘက်နေ လမ်းတဖက်ကိုဖြတ်ကူးသူ အသက် ၆၀ နှစ်ကျော်အရွယ် ဒေါ်တောက်နဲ့ လမ်းမကြီးအတိုင်းဆိုင်ကယ်မောင်းနှင်လာတဲ့ ကိုအောင်မျိုးထက် ၃၀ နှစ်ကျော်တို့ လမ်းအလယ်မှာဝင်တိုက်မိခဲ့တာလို့ဆိုပါတယ်။

"ဖြစ်တာက ဆီဆိုင်ရှေ့လမ်းမပေါ်မှာဖြစ်တာ။ ဆီတိုးပြီးထွက်လာတာလား၊ ဒီအတိုင်းလမ်းဖြတ်ကူးတာလားဆိုတာတော့မသိရဘူး။ အဖွားကတော့ တယောက်တည်းဘဲ။ နားလည်းသိပ်မကောင်းဘူးပြောတယ်" လို့ စစ်ကိုင်းမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ယာဥ်တိုက်မှုဖြစ်ပွားချိန်မှာ ဒေါ်လာဆီဆိုင်အနီး စက်သုံးဆီဝယ်ယူဖို့ တိုးဝှေ့တန်းစီနေတဲ့ ကား၊ ဆိုင်ကယ်တွေကြောင့် ယာဥ်ကြောရှုပ်ထွေးမှု အနည်းငယ်ရှိနေတယ်လို့ ဆိုပါတယ်။

ဆိုင်ကယ်တိုက်ခံရသူ အမျိုးသမီးကြီးမှာ နေရာမှာပင်သေဆုံးသွားပြီး ဆိုင်ကယ်မောင်းသူ အမျိုးသားကိုတော့ ဆေးရုံပို့ဆောင်ရာမှာ ဆေးရုံအရောက်မှာ သေဆုံးသွားပြီး သေဆုံးသူတွေကို စစ်ကိုင်းပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ယာဉ်တိုက်မှု #လူသေဆုံး #လမ်းဖြတ်ကူးသူ #ဆိုင်ကယ်တိုက်ခံရ #စက်သုံးဆီဆိုင် #သတင်း #မြေလတ်သတင်း

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10