သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ မေလ ၁၉ ရက်ကနေ ၂၂ ရက်အထိ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်က ၂၀ကျော်သေဆုံးခဲ့တယ်လို့ ဝက်လက်ဒေသအခြေစိုက် ဒေါင်းနီပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုပါတယ်။
မေလ ၁၉ ရက်မှာ ကံကြီးကုန်းရွာက ထွက်လာတဲ့ အင်အား ၇၀ပါ စစ်ကောင်စီစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ဟာ ကံကြီးကုန်းရွာနဲ့ ပဒူရွာကြားမှာ စတင်ပြီး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
အဲဒီနောက် ၂၁ ရက်မှာ အင်းစောင်းရွာဘက်နေ တက်လာတဲ့ အင်အား ၅၀ ပါ စစ်ကောင်စီ စစ်ကြောင်းကို ကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲပြီး မိနစ် ၃၀ ကြာ တိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းနီပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။
၂၂ ရက်နေ့မှာ ပဒူရွာထဲ တပ်စွဲထားတဲ့ စစ်ကောင်စီရဲစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ရာ စခန်းသိမ်းနိုင်ကာနီးမှာပဲ လေကြောင်းနဲ့ ပစ်ခတ်ခံရလို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။