စခန်းသိမ်းခံရလို့ စစ်ကောင်စီ လေကြောင်းပစ်ကူခဲ့ရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းကို တပ်ပေါင်းစုတွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့လို့ စစ်ကောင်စီ လေကြောင်းပစ်ကူခဲ့ပါတယ်။

ဇွန်လ ၉ ရက် ဒီ‌နေ့ ညနေ ၆ နာရီလောက်မှာ ပစ်ခတ်မှုတွေ စတင်နေတာဖြစ်ပြီး ၆ နာရီ ၁၅ မိနစ်မှာ လေကြောင်းတက်လာကာ တိုက်ခိုက်မှုဖြစ်ရာ ဝန်းကျင်ကို MI-35 အမျိုးအစား ရဟတ်ယာဥ်ဖြင့် ၅ ခေါက် လှည့်ပတ်ပစ်ခတ်သွားတာလို့ ဆိုပါတယ်။

လက်ရှိ တပ်ပေါင်းစုတွေလည်း ပြန်ဆုတ်နိုင်ခဲ့သလို စစ်ကောင်စီကလည်း တပ်အင်အား ပြန်ဖြည့်ထားပြီဖြစ်တယ်လို့ ဆိုပါတယ်။

ရဟတ်ယာဥ်ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတဦးသေဆုံးသလို စစ်ကောင်စီတပ်သားတွေလည်း ထိခိုက်သေဆုံးမှုရှိတာကြောင့် ချင်းတွင်းမြစ် ဆိပ်ကမ်းတခုမှာ အလောင်းတွေသယ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ည ၁၀နာရီခွဲအချိန်အထိ နောက်ဆုံးသတင်းရရှိချက်အရ မုံရွာမြို့၊ ချင်းတွင်းမြစ်တဖက်ကမ်းက ညောင်ပင်ကြီး အမှတ်၃/၄ ရပ်ကွက်တွေ မီးရှို့ခံနေရတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

#စစ်ကိုင်း #ဆားလင်းကြီး #ညောင်ပင်ကြီးရဲစခန်း #စခန်းသိမ်း #လေကြောင်းပစ်ကူ

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10