သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
နေပြည်တော်အနီးတဝိုက်မှာ အခြေစိုက်လှုပ်ရှားနေတဲ့ နေပြည်တော်တိုင်းစစ်ဌာန၊ ဗျူဟာအမှတ် ၁၇(ရိုးမစစ်ကြောင်း)ရဲ့ မွမ်းမံသင်တန်းဆင်းပွဲ အပတ်စဥ် ၂ ကို အောက်တိုဘာ ၄ရက်မနေ့က ပြုလုပ်ခဲ့တယ်လို့ နေပြည်တော်စစ်ဆင်ရေးတာဝန်ခံဆီက သိရပါတယ်။
မွမ်းမံသင်တန်း(အထူးတိုက်ခိုက်ရေးသင်တန်း)က အခြေခံစစ်သင်တန်း အောင်မြင်ပြီးသူတွေကို ထပ်ဆင့်သင်တန်းပို့ချတာဖြစ်ပြီး သင်ရိုးမှာ လက်နက်ကြီး၊ စက်လက်၊ RPG၊ 40mm၊ 60mm ပစ်ခတ်မှုတွေကိုပါ ထပ်တိုး သင်ကြားပေးတာဖြစ်သလို အခြေခံစစ်သင်တန်းတွေထပ် ကြမ်းတမ်းတယ်လို့ ဆိုပါတယ်။
“နည်းဗျုဟာအရဆိုရင် အသစ်တွေထပ်ပါလာမယ်၊ သင်ရိုးမှာ လက်နက်ကြီး (စက်လတ်/RPG/40mm/60mm)အထိပါမယ်၊ သင်တန်းက ခပ်ကြမ်းကြမ်းပေးရတော့ တချို့ဖျားနာတာတွေတော့ရှိပါတယ်၊ သင်တန်းသားအားလုံး အခက်အခဲကျော်ဖြတ်နိုင်ကြပါတယ်၊ ပြီးဆုံးအောင်သင်ယူကြပါတယ်။”လို့ နေပြည်တော် စစ်ဆင်ရေးတာဝန်ခံက ပြောပါတယ်။
မွမ်းမံသင်တန်း(အထူးတိုက်ခိုက်ရေးသင်တန်း) အပတ်စဥ်တခုကို အနည်းဆုံး သင်တန်းသား ဦးရေ ၅၀ နဲ့ သင်တန်းကာလ ၄၅ ရက်ကြာပြီး အခုလက်ရှိ အပတ်စဥ် ၁ နဲ့ ၂ က စုစုပေါင်း ရဲဘော် ၁၂၀ သင်တန်းဆင်းပြီးပြီလို့ သိရပါတယ်။
မွမ်းမံသင်တန်းတွေမှာ စခန်းသိမ်းစစ်ဆင်ရေးတွေကို တွဲလက်ညီညီနဲ့ ဖော်ဆောင်နိုင်ဖို့ လေ့ကျင့်သင်ကြားပေးပြီး ပြီးခဲ့တဲ့ ဩဂုတ်လဒုတိယပတ်က သင်တန်းစတင်ခဲ့တယ်လို့ ဆိုပါတယ်။
“ကာကွယ်ရေးဝန်ကြီးဌာနရဲ့ညွှန်ကြားချက်အတိုင်း ရန်သူ့ ပင်မခံတပ် နေပြည်တော်ကို ဝိုင်းပတ်ပိတ်ဆို့၊ ဖြတ်တောက်ရေးအတွက်ပါ။ မြို့သိမ်း၊ စခန်းသိမ်းတွေအထိ ရည်ရွယ်ပါတယ်။”လို့ သူက ဆက်ပြောပါတယ်။
နေပြည်တော်တိုင်းစစ်ဌာနရဲ့ ဗျူဟာ ၁၇ ဟာ တပ်ရင်း ၄ ရင်းနဲ့ စုဖွဲ့ထားတာဖြစ်ပြီး နေပြည်တော်နဲ့ အနီးဆုံးနေရာမှာ စစ်ရေးလှုပ်ရှားမှုပြုလုပ်နေတဲ့ စစ်ကြောင်းတခုဖြစ်တယ်လို့ သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#နေပြည်တော် #မွမ်းမံသင်တန်းဆင်းပွဲ
Share Share Share