စခန်းသိမ်းတိုက်ပွဲမှာ ကျည်ကုန်လို့ ခဲတွေနဲ့ပစ်ခဲ့တဲ့ရဲဘော်တွေ( ရုပ်/သံ)

မကွေးတိုင်း ရေစကြိုမြို့နယ်က မအူရဲကင်းစခန်းသိမ်းတိုက်ပွဲမှာ PDF ရဲဘော်တွေဘက်က ကျည်ကုန်တဲ့အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး ခဲတွေနဲ့ပါပစ်ပြီး တိုက်ပွဲဝင်ခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ပ.က.ဖ တာဝန်ခံ ဗိုလ် Crossက ပြောပါတယ်။

ဧပြီလ ၃ရက် မနေ့က မနက် ၆နာရီဝန်းကျင်ကနေ ၈နာရီကျော်လောက်အထိ တိုက်ပွဲချိန်ကြာမြင့်ခဲ့တာဖြစ်လို့ မဟာမိတ်၄ဖွဲ့ပေါင်း ကျည် ၆ထောင်လောက်ကုန်ခဲ့တာလို့ ဆိုပါတယ်။


တိုက်ပွဲမှာ ကျည်ပြတ်သွားတဲ့အကြောင်းနဲ့ ကျည်မရှိတော့လို့ ခဲတွေနဲ့ ရဲစခန်းကိုပစ်ပြီး တိုက်ပွဲဝင်ခဲ့ရတဲ့ အကြောင်းကို မြေလတ်အသံက ဆက်သွယ်မေးမြန်းထားပါတယ်။

တည်းဖြတ်- ဇို
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10