စစ်ကင်းစခန်းတခု တိုက်ခိုက်ခံရလို့ ၃ ပွင့်ဗိုလ်အပါ ၃ ဦးသေဆုံးဟုဆို (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရွှေဘုံသာကျေးရွာရှိ စစ်ကောင်စီကင်းစခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဧပြီလ ၁၄ ရက် ဒီနေ့ မနက်ပိုင်းမှာ သွားရောက်တိုက်ခိုက်ခဲ့လို့ ၃ ပွင့်ဗိုလ်အပါ ၃ ဦးသေဆုံးတယ်လို့ Black Guerrilla Force တာဝန်ခံဆီက သိရပါတယ်။

ကင်းစောင့်နေတဲ့ ပခုက္ကူ တပ်မ ၁၀၁၊ ကပစ ၂၄ က စစ်သား နဲ့ ပျူ အင်အား ၁၀ ဦးဝန်းကျင် တပ်စွဲနေပြီး သူတို့ကို မနက် ၅ နာရီခွဲကနေ ၆ နာရီခွဲအထိ သွားရောက်တိုက်ခိုက်ခဲ့တာလို့ ပခုက္ကူခရိုင် တပ်ရင်း ၁၄ တပ်ခွဲ ၂ Black Guerrilla Force တာဝန်ခံက ပြောပါတယ်။


"တိုက်ပွဲချိန်က ၁ နာရီခွဲလောက် ကြာတယ်။ စစ်ကောင်စီဘက်က ပြန်ပြီးပစ်ခတ်နိုင်တာ မရှိခဲ့ဘူး။ ကျနော်တို့ဘက်က ၆၀ မမ လက်နက်ကြီးနဲ့အဖူး ၃၀ ကျော် ပစ်ခတ်ခဲ့တယ်။ အဲဒီစခန်းမှာ သေဆုံးတာက ၃ ယောက်ရှိပြီး ၁ ယောက်က ၃ ပွင့်ဗိုလ်သေတယ်" လို့ ပြောပါတယ်။

သေဆုံးခဲ့တဲ့ ၃ ဦးထဲမှာ ဗိုလ် ၁ ဦးပါဝင်တယ်လို့ ပြောပေမယ့် ဒီသေဆုံးမှုနဲ့ပတ်သက်လို့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

လက်ရှိ အဲဒီကင်းစခန်းကို ရွှေဘုံသာရွာဘက်က စစ်ကား ၁ စီးနဲ့ အင်အား ၅၀ ဝန်းကျင်နဲ့ စစ်ကူရောက်လာတယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုကို ပခုက္ကူခရိုင် တပ်ရင်း ၁၄ တပ်ခွဲ ၂ (Black Guerrilla Force)ကနေ ဦးဆောင်းပြီး တပ်ခွဲ ၁၊ ၃၊ ၄၊ Special force 7 column၊ Justic Fighter၊ ပေါက်မြောက်ပိုင်းတော်လှန်ရေးတပ်ဦး(NPRF)၊ ဂဠုန်တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

တည်းဖြတ်- ဇို
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10