စစ်ကား ၃ စီးနဲ့ ထွက်လာတဲ့ စစ်သားနဲ့ ပျူစောထီးတွေ ပစ်ခတ်ခံရလို့ ၃ ဦးသေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ မြို့သာမြို့က‌နေ ငါန်းဇွန်ဘက်ကို စစ်ကား ၃ စီးနဲ့ ထွက်လာတဲ့ စစ်အုပ်စုကို နိုဝင်ဘာ ၈ ရက် နေ့လယ် ၂ နာရီ ၄၅ မိနစ်မှာ ရွာသာကြီးရွာအနီးမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ မြင်းခြံခရိုင် တပ်ရင်းမှူး ဗိုလ်သက်ကြီးက ပြောပါတယ်။ 

စစ်ကား ၃ စီးနဲ့ အင်အား ၇၀ ဝန်းကျင် ပါတဲ့စစ်အုပ်စုဟာ မြို့သာဘက်ကနေ ငါန်းဇွန်နယ်ဘက်ကို မောင်းလာစဉ် ရွာသာကြီးရွာအနီးမှာ ကာကွယ်ရေးတပ်ဖွဲ့ တွေနဲ့ ထိပ်တိုက်တွေ့ကာ နှစ်ဘက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး ၃၅ မိနစ်လောက် ကြာခဲ့တယ်လို့ တပ်ရင်းမှူးက ပြောပါတယ်။

အပြန်အလှန် ပစ်ခတ်မှုအတွင်း စစ်အုပ်စုဘက်က ၃ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့ ဆိုပါတယ်။

အဲ့ဒီ စစ်ကား ၃ စီးပေါ်က စစ်သားနဲ့ ပျူစောထီးတွေဟာ မြို့သာဘက်က စစ်သားတွေနဲ့ ဆုံရွာက ပျူစောထီးတွေဖြစ်ကြပြီး သေဆုံးသူတွေနဲ့ ဒဏ်ရာရတဲ့သူ‌တွေကိုတော့ ကားပေါ်တင်ကာ မြို့သာဘက်ကို ပြန်သွားတယ်လို့ ပြောပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကတော့ ထိခိုက်တာတွေမရှိဘဲ အင်အားမမျှတဲ့အတွက် နောက်ပြန်ဆုတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ မြင်းခြံခရိုင် တပ်ရင်းမှူး ဗိုလ်သက်ကြီး ရဲ့ Zero Column 2၊ Zero Column 5၊ မြင်းခြံခရိုင် တပ်ရင်း ၆၊ ဒေါင်းဘုရင်အဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ငါန်းဇွန် #စစ်သား #PDF #တိုက်ပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10